Pages

Friday, May 7, 2010

ခွင့်ပန်

ဘယ်တေးသွားအရ ကြော့သီသီ ဒီကာရန်က နရီ မမှန်ဘူး တဲ့လား ငါလည်း စကားလေး တစ်လုံးလောက် နဲ့ အားလုံး မင်သက်သွားအောင် ထိတော့ … မတတ်စွမ်းဘူးကွယ် … ဖြည်းဖြည်းပဲ ပြောပါရစေလား … လူရိပ်လူကဲ ခတ်တတ်မှ သတင်းခေတ်မှာ ၀င်ဆန့်နိုင်မယ်ဆို အရယ်အပြုံး တဆုံးတစ ရယ် နဲ့ ကိုယ့် နိုးဖျခြင်း ကိုယ် စွမ်းအင် ဖြည့်လိုခြင်း နောက် … မင့် ပုံရိပ်ယောင် များက ငါ့ ၀ိဥာဉ် အား ဖမ်းစားမှု အပေါ် မင့် ကို ယုံအောင် ငါ ဘယ်လို ပြောရပါ့ …။ ။ PM 9:55 29th APRIL 2010