Pages

Tuesday, September 15, 2009

`နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး´

`နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး´

ဘယ် လက်ခတ်နဲ့ ခတ်ခတ် သံစဉ်မှန်ဖို့
အနုပညာကို မညာနဲ့
သူများ ကွေးညွှတ်အားမှာ ရင်သပ်ရှုမောတာ
ဖန်တီးသူတွေ အလုပ် မဟုတ်
တစ်ခေတ်က အိပ်မက်တွေနဲ့လည်း
ပျိုလွင်ခဲ့ဖူးတာ
အနုပညာကိုတော့ မညာလိုက်နဲ့
လျှပ်စီးတွေ ပြက်ပြက်ထပြီး
လေကို ညှို့ယူပြဦးမယ်...?
မင်းမို့ တိုက်စားသွားရင်
မြေနုသဲဝှမ်းချည်း ဖြစ်မယ်ထင်
အနုပညာကို ညာကြည့်ချင်တုန်း
ဘယ်အမှောင်နဲ့ မှလည်း လင်းမပြနဲ့
ချပြလိုက်ရင် ဆိုတဲ့
မျက်လှည့်ဆရာ တောလားကြီးနဲ့
အလမ္ပာယ် ပြက်လုံးပဲတတ်
ကိုယ့် အသက်ဓါတ်နဲ့ ကိုယ် စည်းချက်ကျပြီ တဲ့လား
မိုးရိပ်လွှမ်းပြီးမှ
သင်းလာတဲ့ မြေနံ့အရတော့
အိပ်မက်တစ်ဆင်စာလုံး ပျိုးကြဲတတ်ဖို့ ပဲ လိုပါတယ်...။ ။

(သိင်္ဂါရ)
15th September 2009

No comments: