Pages

Thursday, September 10, 2009

`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´

`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´

သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။

(သိင်္ဂါရ)
21st August 2009

No comments: