`နှလုံးအိမ် ကို ထိတော့မှ မြည်တဲ့ အသံ´
မျက်နှာချင်းဆိုင်က ၀င်လာတဲ့ ဓါးချက်ကို
လေစုန်အတိုင်း လွှဲချလိုက်
ဒီနေ့ဟာ နေသာသော နေ့တစ်ရက် ဖြစ်တယ်။
သုတေသနစစ်တမ်းများ အရ
ရနံ့အကြောင်း ဆိုတာ
ပန်းတိုင်းအတွက်
သင်ကြားဖို့ မလိုသော ဘာသာဗေဒ
ငြိမ်ဆိတ်နေသော ရေပြင်ကို သာ ခဲ´မပစ်ပါနဲ့
ကိုယ်ကြပ်အင်္ကျီမှာ လက်တစ်သစ်စာ
အဟ အကြားတောင် မရှိ လို့ ယုံထားရင်
အဝေးဆုံးက မီးတစ်ပွင့်မှာလည်း အလင်းရှိမြဲ
အာရုံသိက ဖြစ်မယ့် စည်းချက်အရ
အသွေးအသား သက်သက် ကခုန်လိုက်ရုံ
သိပ်ပြီး တွေးမထားပါနဲ့
ခဏအကြာ ဘာမဆိုဖြစ်သွားလေ့ရှိဆဲ...။ ။
(သိင်္ဂါရ)
13th September 2009
Tuesday, September 15, 2009
`နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး´
`နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး´
ဘယ် လက်ခတ်နဲ့ ခတ်ခတ် သံစဉ်မှန်ဖို့
အနုပညာကို မညာနဲ့
သူများ ကွေးညွှတ်အားမှာ ရင်သပ်ရှုမောတာ
ဖန်တီးသူတွေ အလုပ် မဟုတ်
တစ်ခေတ်က အိပ်မက်တွေနဲ့လည်း
ပျိုလွင်ခဲ့ဖူးတာ
အနုပညာကိုတော့ မညာလိုက်နဲ့
လျှပ်စီးတွေ ပြက်ပြက်ထပြီး
လေကို ညှို့ယူပြဦးမယ်...?
မင်းမို့ တိုက်စားသွားရင်
မြေနုသဲဝှမ်းချည်း ဖြစ်မယ်ထင်
အနုပညာကို ညာကြည့်ချင်တုန်း
ဘယ်အမှောင်နဲ့ မှလည်း လင်းမပြနဲ့
ချပြလိုက်ရင် ဆိုတဲ့
မျက်လှည့်ဆရာ တောလားကြီးနဲ့
အလမ္ပာယ် ပြက်လုံးပဲတတ်
ကိုယ့် အသက်ဓါတ်နဲ့ ကိုယ် စည်းချက်ကျပြီ တဲ့လား
မိုးရိပ်လွှမ်းပြီးမှ
သင်းလာတဲ့ မြေနံ့အရတော့
အိပ်မက်တစ်ဆင်စာလုံး ပျိုးကြဲတတ်ဖို့ ပဲ လိုပါတယ်...။ ။
(သိင်္ဂါရ)
15th September 2009

Thursday, September 10, 2009
`အသံ မစုံတဲ့ တေး´
`အသံ မစုံတဲ့ တေး´
စက်ချုပ်သံ တဂျုပ်ဂျုပ်မှာ
တို့ တတွေ ကို မမောတမ်း တင်ဆောင်ခဲ့တဲ့
အလံမဲ့ ရထားလေးဟာ မေမေဆိုလို့ရှိရင်
ပျော်ရွှင်မှုကို အိမ်ပြင်ထွက်ရှာတတ်တဲ့
အသိုက်မေ့ ငှက်တစ်ကောင်ဟာ ဖေဖေ ပေါ့။
ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိုင်မှုထဲ
ပလပ်တစ်ပေါက်လွတ်
တို့ မိသားစု ဖန်သားပြင်လေး
အခုထိ
ရုပ်မြင်အသံ မကြားသေး။ ။
(ရိုးဒီ)
စက်ချုပ်သံ တဂျုပ်ဂျုပ်မှာ
တို့ တတွေ ကို မမောတမ်း တင်ဆောင်ခဲ့တဲ့
အလံမဲ့ ရထားလေးဟာ မေမေဆိုလို့ရှိရင်
ပျော်ရွှင်မှုကို အိမ်ပြင်ထွက်ရှာတတ်တဲ့
အသိုက်မေ့ ငှက်တစ်ကောင်ဟာ ဖေဖေ ပေါ့။
ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိုင်မှုထဲ
ပလပ်တစ်ပေါက်လွတ်
တို့ မိသားစု ဖန်သားပြင်လေး
အခုထိ
ရုပ်မြင်အသံ မကြားသေး။ ။
(ရိုးဒီ)
“ ရှုမျှော်ခင်း ”
“ ရှုမျှော်ခင်း ”
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့အမှားထဲ.....
တိမ်တွေက လှလိုက်တာ...
ငါ့မှာ..... တရားနဲ့ ဖြေရတယ်။
( မန္တလေးသိန်းဇော် )
Created at 21st August 2009.
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့အမှားထဲ.....
တိမ်တွေက လှလိုက်တာ...
ငါ့မှာ..... တရားနဲ့ ဖြေရတယ်။
( မန္တလေးသိန်းဇော် )
Created at 21st August 2009.
`စောင့်ထိန်းမှုအကြောင်း တွေးဖြစ်တဲ့အခါ´
`စောင့်ထိန်းမှုအကြောင်း တွေးဖြစ်တဲ့အခါ´
တချို့တချို့သော စီးမျောပုံတို့မှာ
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ.....
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိတော့တဲ့ ကောင်းချီးပေးမှု တစ်ခု...။
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ...
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
ဘယ်တော့မှ လွှတ်ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါကျရင်သာ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း ပေါ်လွင်လိမ့်...
ဒီလိုနဲ့ပဲ ပြီးရမယ့် သာမန်ကိစ္စတစ်ခု ပါပဲကွဲ့...
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလုပ်အပ်လို့
နောက်ဆုံး.....
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
တစ်စွန်းတစ်စမှ မရိုးမသား မရှိဖို့။ ။
(သိင်္ဂါရ)
PM 10:30, 10th September 2008

`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´
`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´
သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။
(သိင်္ဂါရ)
21st August 2009

`အရိုးရှင်းဆုံး မရိုးသားမှု´
`အရိုးရှင်းဆုံး မရိုးသားမှု´
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..
(သိင်္ဂါရ)
21st August 2009
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..
(သိင်္ဂါရ)
21st August 2009
`အမှာစကား´
`အမှာစကား´
ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
နှစ်သစ်ကူးကာလ ကိုလည်း လွန်မြောက်ခဲ့ပြီ
ပိုပြီးပြောပြစရာ ညများအကြောင်းလည်း မရှိတော့ပြီ
ဝသီလို့ မင်းပြောခဲ့တဲ့အတိုင်း
နေ့တွေအကြောင်းကို မေ့လိုက်ရအောင်ပါ။
တနင်္ဂနွေ ဆိုတာ ဘယ်လောက်လှလို့
ငါတို့ အားလပ်ချိန်ကို ထည့်လိုက်ရမတဲ့လဲ...
ကိုယ့်အတ္တ နဲ့ ကိုယ်ရွေ့ပါ။
စည်းခြားရိုးခြား
ငါ့ထက် ပိုတွေးရမယ့် မင်းအတ္တနဲ့
ငါ့အတ္တထက် ပိုတွေးရမယ့် မင်းအကြောင်းက
ဆွေးနွေးစရာ ဖြစ်လာမလားပဲ
အပြာရောင်နေ့များလည်း ရှိမယ်။
အ၀ါညစ်ညစ် နှစ်ကာလတွေလည်း ကြုံမယ်
တစ်ချက်မှတော့ ငဲ့ မကြည့်လိုက်ပါနဲ့
ဟိုတုန်းကထက် ပိုရွံတဲ့ မျက်လုံးမျိုးနဲ့
တစ်ခုသော ကမ်းလက်ကိုသာ
စိတ်လိုလက်ရ တွဲလိုက်ပါ။ ။
(သိင်္ဂါရ)
28th October 2008

“ အဲဒီ့အတိုင်း လုပ်လိုက်ဖို့ ”
“ အဲဒီ့အတိုင်း လုပ်လိုက်ဖို့ ”
ချစ်ခြင်းတရားမှာ...
အနာအဆာမပါ၊ အဖုအထစ်မပါ
တကယ့်စီးမျောမှုသက်သက်အတိုင်း
ပကတိ ရိုးသားခဲ့ပါတယ်။
သက်သေပြစရာတော့...
နှလုံးခုန်သံပဲ ရှိတယ်။
စိတ်တိုင်း စိတ်တိုင်းရဲ့ အနုကမ္ပတ်မှာ
ဘ၀ရဲ့ အထားအသိုတွေ ရှိနေတာတော့
ထားလိုက်ဖို့...
လျှောက်လှမ်းကြပါစို့ရဲ့
ငါတို့ ကံလမ်းကြောင်း အတိုင်း.....
လုပ်ယူလို့ရတဲ့ ကံကြမ္မာတွေ အတွက်
ဝမ်းသာ ၀င့်ကြွား၊ ဆောင့်ကြွားကြွားနိုင်ဖို့ ရှိသလို
လုပ်ယူလို့မရတဲ့ ကံကြမ္မာတချို့အတွက်လည်း
စိတ်မပျက်ကြေး
သေးသေးလေးတွေကိုချည်း လိုက်မတွေးမိနေစေနဲ့
ငါတို့
ဘယ်လောက် ခမ်းနားအောင် အိပ်မက်ထားတယ် ဆိုတာ
တွေးတိုင်း သတိရဖို့ ရှိသလို
သတိရတိုင်း တွေးဖို့ ရှိတဲ့အရာ။ ။
(သိင်္ဂါရ)
PM 11:47, 7th September 2008

“ သံသယ မိုးတိမ် ”
“ သံသယ မိုးတိမ် ”
တိမ်မည်းတွေလို
ငါ့အပေါ် အုံ့ဆိုင်းမထားဘဲ
ရွာမယ်ဆို ရွာချလိုက်ရင်လည်း
ရပါတယ်။
ငါကတော့.....
မှိုင်းညို့ ပူလောင်နေမယ့်အစား
သက်တန့်တွေ ကြားမှာပဲ
ဖျား' နေလိုက်ချင်တယ်။ ။
(သိင်္ဂါရ)
Created at 21st August 2009.
တိမ်မည်းတွေလို
ငါ့အပေါ် အုံ့ဆိုင်းမထားဘဲ
ရွာမယ်ဆို ရွာချလိုက်ရင်လည်း
ရပါတယ်။
ငါကတော့.....
မှိုင်းညို့ ပူလောင်နေမယ့်အစား
သက်တန့်တွေ ကြားမှာပဲ
ဖျား' နေလိုက်ချင်တယ်။ ။
(သိင်္ဂါရ)
Created at 21st August 2009.
`လွန်ခဲ့သော နှစ်နှစ်ကတည်းက မက်ထားဖြစ်တဲ့ အိပ်မက်´
`လွန်ခဲ့သော နှစ်နှစ်ကတည်းက မက်ထားဖြစ်တဲ့ အိပ်မက်´
ဒီရက်တွေထဲ
သူငယ်နှပ်စားလေးလို ငေးနေမိတဲ့ အခါတွေ ရှိခဲ့တယ်။
ဒီမနက်တွေထဲ
မျက်လုံးတွေ မှိတ်တဲ့အခါမှ မြင်နေရမှာလည်း
စိုးခဲ့တယ်။
အထူးတလည်
လေပြေသွေ့တိုင်း…
ရယ်ဟန်ကလေး ရိုးတိုးရိပ်တိတ်ဆီ
တွေးနေမိရမယ့် နှစ်ကာလမျိုးတော့ မဟုတ်တော့ပါဘူး။
မည်သို့ လုပ်လိုက်သည်မသိ
လူလေးယောက် လဲကျသွား ဆိုတဲ့
တစ်ခေတ်က တင်ဆက်ပုံများလို
ဆန်းဆန်းကြယ်ကြယ်ပေါ့...
ယုံတတ်မှတော့ ယုံအပ်စရာပါ။
ဒီဘက်ရင်အုံဆီက
အခါခပ်သိမ်း မြည်ဟည်းနေသော အသံအကြောင်း
စကားစပ်ရရင်သာ
အလွမ်း နဲ့ ရွေ့တဲ့ စက္ကန့်တွေချည်းသက်သက်ပဲ
ပြောပြဖို့ ရှိတယ်…။ ။

`လွင်ပြင်ရိုင်း´
`လွင်ပြင်ရိုင်း´
ဝှေ့တိုက်လာတဲ့
လေရဲ့
မျက်လုံးလို
နီနီရဲ
ဟုတ်တယ်
ဒါဟာ
တစ်ခုခု ကို ပြောလိုက်ပြီးမှ
ကိုက်ထုတ်ပစ်လိုက်ရမယ့်
လျှာတစ်ချောင်းရဲ့ အကြောင်း။ ။
(ရိုးဒီ)
ဝှေ့တိုက်လာတဲ့
လေရဲ့
မျက်လုံးလို
နီနီရဲ
ဟုတ်တယ်
ဒါဟာ
တစ်ခုခု ကို ပြောလိုက်ပြီးမှ
ကိုက်ထုတ်ပစ်လိုက်ရမယ့်
လျှာတစ်ချောင်းရဲ့ အကြောင်း။ ။
(ရိုးဒီ)
“ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ”
“ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ”
# ချစ်လှစွာသော ကျက်သရေ’ သညာလေးရေ…
ကနုတ်ကွန့်မြူးထားတဲ့ ပန်းပုကလေးတွေပ…
အစကတော့ မြေလွတ်မြေရိုင်းတွေချည်း…
ဘာ ပျိုးချချ ဖူးသစ်ချင်လိုက်ကြ…
အတောင်စိုက်ခံရတဲ့ မြင်း’ လို
ခြေထောက်တပ်ခံရတဲ့ မြွေလို
ကြသိုင်းဝါးအဆင် မလွှင့်လွှားတတ်
ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်
လေ၀င်လေထွက်ရမှာပဲ ခက်သလို…
သူက မနက်လို့ ခရီးဦးကြိုတာ
ကိုယ့်ကျ ကျေးဇူးပဲ နှစ်လုံး သုံးလုံး ကို
ပြန်မပြောတတ်သလို အ’ နေမိ…
ဘယ်တော့မှ ၀င့်ဦး ကြွားဦးမယ်…!
# ရွာရန် ရာနှုန်းကတော့ အပြည့်’ ချည်းပဲ…
သမုဒ္ဒရာက ငွေ့ရည်ဖွဲ့လာကြတာချင်းတူဦး…
အနောက်တောင်မုတ်သုံပဲ
မိုးပါတဲ့လေ’ လို့ သူသူငါငါ တွေးကြမှာပေါ့
ဘယ်နှနှစ်နေမှ တစ်ခေါက်လောက်ဖြစ်လေ့ရှိတာတွေတော့ ထားလိုက်…
တစ်မျိုးကြီးပဲ ဖြစ်ဖြစ်နေသတဲ့လား…
စိတ်ရှိစရာပေါ့…
လမ်းလို့ ပြောတာ အားလုံးကို
မင်းမှ မလျှောက်လှမ်းချင်ဘဲ…..။ ။

`မိုးခါးရေ´
`မိုးခါးရေ´
☺ ချစ်လှစွာသော ကျက်သရေ´သညာလေးရေ…
အာခိမိလိ ပျော်တဲ့ အပျော်မျိုး
နယူတန်တွေးတဲ့ အသိမျိုး
ဆိုကရေးတီး ပြောတဲ့ နည်းနာမျိုး
အဲဒီ့ကောင်တွေ လှောင်ခဲ့ကြသတဲ့…
တခါတခါ
အလုံးစုံ မိုက်မဲလိုက်မှု ဆိုတာ
လက်လှမ်းမမှီတဲ့ စာတင်စရာ ဖြစ်တတ်တာမျိုး…
နှစ်ခါတော့ အခွင့်မရှိကြပါဘူး။
နပိုလီယံလည်းပဲ ၀မ်းနည်းဖူးတယ်…
ဟစ်တလာလည်း ပြန်တွေးကြည့်စရာ ဖြစ်ခဲ့တယ်…
ဗိုလ်ချုပ်ကိုယ်တိုင်လည်း
ဘာဆိုလား စိတ်ပျက်ဖူးပါရဲ့…
တရံတဆစ်
အပိုပစ္စည်းအသစ်နဲ့ လဲပစ်လိုက်တော့မှ
သုံးဖြစ်သွားသော ကိရိယာတွေချည်းပဲဆို…
ကိုက်လမ်းထဲက သစ္စာတရား ဋီကာ သံဝေဂအရ
နေထိုင်ပေးရတော့မယ်ပေါ့…။

`မှားနေကြ အမှား´
`မှားနေကြ အမှား´
ရင်ခုန်သံ နဲ့ ပြုလုပ်ထားသော အနမ်းဆိုတာ
နာတာရှည်သော ကပ်ဆိုးတစ်ခု ဖြစ်ကြောင်း...
မသိမ်မွေ့သော လမ်းလျှောက်ဟန်ဆိုလည်း
ကြိုးတန်းဟာ အခါခပ်သိမ်း တုန်ခါတတ်ကြောင်း...
လူပြောသူပြောများတဲ့ ထောင့်ခန်းလေးမှာ
သာမန်လူတစ်ယောက် နေထိုင်ခဲ့ကြောင်း...
အစက ပြန်ပြန် စ´နေရသော
မီး ခဏ ခဏ ပျက်တတ်တဲ့
ဘ၀ကား ပြသော ဒီနေ့ အကြောင်း...
ဘယ်လို ဆွဲဆောင်မှု မျိုး မဆို
အမှန်တကယ် လှည့်ဖျားမှုများ အဖြစ်
သတ်မှတ်လေ့ ရှိကြကြောင်း...
မနေ့က အထိ
ပျိုးထားလက်စ ပန်း´ ကို
ထုံးစံအတိုင်း အညွှန့်ချိုးလိုက်ကြပါစို့ရဲ့...။ ။
(သိင်္ဂါရ)
22nd August 2009

`ဘယ်ဘက်လက်မှာ ဓါးတစ်ချောင်းတော့ ပါစမြဲ´
`ဘယ်ဘက်လက်မှာ ဓါးတစ်ချောင်းတော့ ပါစမြဲ´
မျက်လုံး နှစ်လုံးကို ခြင်ထောင်အမိုးမှာ ချိတ်ထား
တခန္ဓာလုံး ဂျောင်းဂျောင်းပြေး ကြည့်လိုက်စမ်း
ကိုယ့်လိပ်ပြာ ကိုယ် ရိုသေတတ်သေးသတဲ့လား။
ဂရုဏာတရားပါသော အသံတို့ကို စားသုံးပြီး
အမှန်တွေ များအောင် လုပ်ကြည့်နေပါတယ်လို့
ဝိဥာဉ်ကို လိမ်ညာလိုက်
မျက်နှာဖုံးလေး တပ်ရုံနဲ့
တဘ၀လုံး လုံပြီ လည်းတွေး
သူတကာ အော်ပရာမှာ ဇာတ်ရံ ဖြစ်နေတာကျ
တရွာလုံး လှည့်ပတ်ကြွား
နောက်ဆုံးတော့ မင့် နံဘေးမှာ မင်းပဲပေါ့...
ရိုးသားမှု ဆိုတဲ့ အနှစ်သက်ဆုံး ဟင်းလျာ အပေါ်
အဆိပ်ခပ်ခံခဲ့ရပါတယ်ချည်း တွေးရင်
တကမ္ဘာလုံး ဆုတ်ကပ်
ပြောတော့ မင့်ကိုယ်မင်း ကောင်းမြတ်ချင်တယ်ဆို
ဘယ်သူမှ ၀င်မလာရဲတော့ပါဘူးလေ...
အခန်းလေး အမှောင်ချ
ကိုယ့် အတ္တ နဲ့ ကိုယ်သာ
စိတ်ချလက်ချ အိပ်ပေါ့
နေပူလည်း လျှောက်ခဲ့တယ် လို့
သူကတော့ အတိအလင်း ငြင်းဆန်ခဲ့...။ ။
(သိင်္ဂါရ)
3rd September 2009

`ဖွင့်ဆိုချက်များ´
`ဖွင့်ဆိုချက်များ´
တယောထိုးသံ အကြောင်းကို
စတင် စဉ်းစားမိစဉ်တုန်းက
ငွေ့ရည်ပျံတိမ်တိုက် ရဲ့
ဖွဲ့စည်းပုံ တည်မြဲရေးပဲ ရှေးရှုလို့.....
အငြင်းအခုန်တို့ဟာ
သိမ်မွေ့စွာ လက်စသတ်ခဲ့ပါရဲ့။
ဥဒါန်းများ လှိုဏ်သံမှာ
ယုံကြည်မှု ဆိုတာလည်း ဇကာကျလို့.....
ဗုံလုံတလှည့် ဗုံလုံတလှည့် ပဲပေါ့...
ခံစားမှု´ ဆိုရင်
မနေ့က အထိ ငါတို့ ထိတွေ့နေကျအရာ ဖြစ်ပြီး
စိတ်တခြား ကိုယ်တခြား´ ဆိုရင်တော့
အခု ဖွင့်ထားသော သံစဉ် ဖြစ်မယ်။
ပြီးပြီးရော ပြောကြစတမ်းတွေလည်း ထားလိုက်ပါ။
စိတ်ပါ လက်ပါ မျိုချရမယ့် အောက်ဆီဂျင်မျိုးနဲ့ပဲ
ငါက မနက်ဖြန်ကို နိုးထလိုတယ်။
ဒါကပဲ...
မျဉ်းပြိုင်များ ဖြစ်ကြောင်း သက်သေပြချက်။
ဝါလုံးရှည် နဲ့ ပတ်ရမ်းသလို ဖြစ်ခဲ့တာတွေ အတွက်တော့
စိတ်မကောင်းပါဘူး။
အကြမ်းဖက်မှု ထဲက အနုပညာ ဆိုတာ
ယုံကြည်မှု တစ်ခုနဲ့ ပြုလုပ်သော အသက်ဓာတ် ဖြစ်ပြီး
သူလို ငါလို ဈာပနမျိုးဆိုတာကျ
ကျော်ဖတ်နေကြ နောက်ဆုံး စာမျက်နှာလို
ပြီးပြီးပျောက်ပျောက် အကြောင်းတရားပဲ ဖြစ်ကြောင်း...။ ။

`ဖြန့်ဖြန့်လေး ဖြူးထားတဲ့ လမ်း´
`ဖြန့်ဖြန့်လေး ဖြူးထားတဲ့ လမ်း´
တတိယမျက်လုံးနဲ့ ကြည့်မှ မြင်မယ့် အာရုံမျိုး…
အက္ခရာတွေသက်သက်ပဲ
ဖော်ကျူးထားသော စိတ်ကူးမို့
ယုံနိုင်စရာလို့တော့ မထင်ရပါဘူး။
သောတကို အမြင့်ဆုံး ဖြန့်ထားပြီး
အတွေးချည်း ပုံဖော်ရမယ့် နည်းပညာ
ရိုးသားခြင်းက အခမ်းနားဆုံး ချပ်ဝတ်တန်ဆာ ဖြစ်ရ
ခံစားမှု အကြောင်း ပြောကြတဲ့အခါ
ဘယ်တုန်းကများ…..
အလိုအလျောက် နားလည်သွားမှု ထက်
တွေ့ဆုံဆွေးနွေးမှုတွေက အခရာ´ကျခဲ့ပါသတဲ့လဲ…
စကားလုံးတွေတောင် သိပ်ကြီး လိုအပ်လှတာတော့
မဟုတ်ဘူး။
တကယ့်တကယ်
တစ်ယောက်ရှိတဲ့ အတိုင်း
တစ်ယောက်က သိဖို့ဆိုတာက
အလုံးစုံ နွေးဖျပုံအပ်ခြင်း သက်သက်ပဲ ဖြစ်နေတတ်တာမျိုး…။ ။

“ ဒီဘက်က သွားရင် ရောက်မယ်လို့ချည်း မတွေးနဲ့ ”
“ ဒီဘက်က သွားရင် ရောက်မယ်လို့ချည်း မတွေးနဲ့ ”
^ အယုတ်အမြတ် စုတ်လာဘ်တွေ ၀င်မယ့်ကိန်း ရှိသတဲ့…
ဟဲ့…မင့် စန်းလဂ်က တယ်နိမ့်နေပ…ပဲ
ဣတ္ထိယတို့ အာရုံငါးပါးကို
ဘယ်သီအိုရီ နဲ့ တွက်ထားသေးလို့လဲကွဲ့
အရောင်းသမားတွေ ဇွတ်ခေါ်ရင်
လှည့်ထွက်သွားသော ၀ယ်သူလို အိုက်တင်မျိုးနဲ့ လည်း
စိတ်မ၀င်စားဘူး´ ပြောမနေပါနဲ့
မင်းလည်း ပုထုဇဉ် ဆိုတာ
မင့် ကိုယ်စောင့်နတ်တော့ သိပြီးသား….
^ ဘယ်လို ဖြစ်မြောက်မှုနှုန်းအရ သွေးကြွပြဦးမယ်…..
ခဏခဏတော့ ကိုယ့်ကိုယ်ကို မနှိုးဆွမိစေနဲ့လေ…..
ထီးကြီးနန်းကြီး မမြင်ရရင်
လန်းဆန်းတက်ဖျရေးက နှစ်ခါ ကွေ့နေရတတ်
အဆုတ်အတက် မှန်တဲ့ သေနင်္ဂပဲ ခင်းကျင်းပါ…
ဒဏ်ရာမရတဲ့ နေ့တွေ အတွက်
ဝမ်းနည်းတတ်သူ သူရဲကောင်းဖို့ရာ…
မကျဆုံးမှီထက်
ကျဆုံးပြီးနောက်အချိန်က
ပိုပြီး အရေးပါချင် ပါနေတတ်တာမျိုး……။

`ဒီဘက်က စရေ´ရင် အလွမ်းနဲ့ ပဲ ဆုံးတယ်´
`ဒီဘက်က စရေ´ရင် အလွမ်းနဲ့ ပဲ ဆုံးတယ်´
နီယွန်ရောင်လေး ပြထား
အဲဒီ့လို မှောင်တာ...
ဥဒဟို အသံတွေထဲ
တိတ်တိတ်လေး ငေးကြည့်
တိုးလျနေတာ တွေ့ရတယ်။
ဘယ်သူ့ ဘယ်သူမှ ညင်ညင်သာသာ မမြင်ရပါဘူး
ဖြတ်´ခနဲ လောက်
ကဗျာ နဲ့ ငါ လက်တွဲပြီး
စေ့စေ့ငုံငုံ မြင်လိုက်ရ
သူတကာကို နှီးနွယ်ဖို့ထက်
ငါ့ဝသီ နဲ့ ငါ ထွေးအီနေတာချည့်
တံခါး တစ်ဖက်တော့ စေ့ထား
တွန်းဝင်လာရင် ကြိုနိုင်ပါ့မလား ပဲ
မဟာဗျူဟာလို့ ငါ့အပေါ် မယုံကြည်တာထက်
ဒီဘက်က အခင်းအကျင်းက ခုထိ ခံတပ်´မဆန်သေး
သူလိုငါလို ပါပဲလေ
ကိုယ့်ကိုယ် ကို ကာကွယ်ဖို့
အလွမ်းသက်သက် စစ်ဆင်ထားတယ်။ ။
(သိင်္ဂါရ)
3rd September 2009
နီယွန်ရောင်လေး ပြထား
အဲဒီ့လို မှောင်တာ...
ဥဒဟို အသံတွေထဲ
တိတ်တိတ်လေး ငေးကြည့်
တိုးလျနေတာ တွေ့ရတယ်။
ဘယ်သူ့ ဘယ်သူမှ ညင်ညင်သာသာ မမြင်ရပါဘူး
ဖြတ်´ခနဲ လောက်
ကဗျာ နဲ့ ငါ လက်တွဲပြီး
စေ့စေ့ငုံငုံ မြင်လိုက်ရ
သူတကာကို နှီးနွယ်ဖို့ထက်
ငါ့ဝသီ နဲ့ ငါ ထွေးအီနေတာချည့်
တံခါး တစ်ဖက်တော့ စေ့ထား
တွန်းဝင်လာရင် ကြိုနိုင်ပါ့မလား ပဲ
မဟာဗျူဟာလို့ ငါ့အပေါ် မယုံကြည်တာထက်
ဒီဘက်က အခင်းအကျင်းက ခုထိ ခံတပ်´မဆန်သေး
သူလိုငါလို ပါပဲလေ
ကိုယ့်ကိုယ် ကို ကာကွယ်ဖို့
အလွမ်းသက်သက် စစ်ဆင်ထားတယ်။ ။
(သိင်္ဂါရ)
3rd September 2009
“ တနင်္ဂနွေ တစ်ရက်ပဲ...ည ”
“ တနင်္ဂနွေ တစ်ရက်ပဲ...ည ”
♫ တစ်ချက်ပဲ နှိပ်ပါ...
မနက်ဖြန်ကို ဒီနေ့ လုပ်လို့ရတယ်။
ခြေစုံရပ်ထားတာတော့ မြဲပစေ...
လေတိုက်နှုန်း နဲ့ ရွာရန်ရာနှုန်းအရဆို
တစ်ဖက်ဖက်ကို ရွေ့တော့မယ်။ ။
( သိင်္ဂါရ )
21st August 2009
♫ တစ်ချက်ပဲ နှိပ်ပါ...
မနက်ဖြန်ကို ဒီနေ့ လုပ်လို့ရတယ်။
ခြေစုံရပ်ထားတာတော့ မြဲပစေ...
လေတိုက်နှုန်း နဲ့ ရွာရန်ရာနှုန်းအရဆို
တစ်ဖက်ဖက်ကို ရွေ့တော့မယ်။ ။
( သိင်္ဂါရ )
21st August 2009
`ချစ်တင်းစကား´
`ချစ်တင်းစကား´
- ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
မြူသီနေသော စုံနံ့သာမြိုင်မှာ
ယုန်ထောင်ရင်း ကြောင်မိနေတတ်တာမျိုး
ကိုယ့်မာယာ နဲ့ ကိုယ် ကျဆုံးနေပြီး
ချိုင့်ဝှမ်း တချို့အကြောင်း...
လွှင့်လွှားနေသော တိမ်ခိုးတွေမှာ
ဇရာ ထောက်မလာခင်
ရောင်ပြေးလေးတွေ လွန့်လူးတတ်ပုံက
လင်းတစ်ခါ မှိတ်တစ်လှည့် ဆိုတဲ့ အကြောင်း...
ရေကန်တိုင်း ကြာပွင့်ဖို့ ထက်
ကြာပွင့်လေသော ရေကန်တိုင်း ရှင်းသန့်ဖို့များ
ဆယ်စုနှစ် တစ်ခုစာ မ´က
နောက်ကျထားပြီး ဖြစ်ကြောင်း...
အဆုံးစွန်.....
ဒီနေ့ သာသော နေ´ ဆိုတာ
အလင်းနှစ်တွေ နောက်မှ
ရောက်လာသော အရင်က အရောင် ဖြစ်ကြောင်း...
မင်းကို´ ပြောပြချင်ပါသေးတယ်။
(သိင်္ဂါရ)
24th July 2009

`တစ်ရောင်ချင်း ဖြာဆင်းလာသော အရုဏ်ခင်း´
`တစ်ရောင်ချင်း ဖြာဆင်းလာသော အရုဏ်ခင်း´
- သွေ့နွမ်းပြီးသော မိနစ်များကို ထားခဲ့စို့...
မနက်ဖြန်အတိုင်း မိုးသောက်ရဲပါရဲ့လား။
ပခုံးချင်းဝင်တိုက်ရာက
ကျန်နေတဲ့ နှစ်သုံးဆယ်စာလောက် အတွက်
လက်´ကမ်းထား...
ဖ၀ါးချပ်မျှ လှမ်းချင်မှတော့ လိုက်
အဲဒီ့လမ်းက နည်းနည်း´ကြမ်းချင်တယ်။
- ရင်အစုံကို ခိုကိုးပြီး ပွင့်မယ့်ပန်းအတွက်
မိုးကြားလေကြားတော့ ပျံ့သင်းစေရပါ့မယ်
ဒီနေ့မှာ ပထမဆုံး ပျိုးကြဲခဲ့တယ် ပဲ
တွေးထားဖို့
အသိမ့်နွေးဆုံး လူမှုဆက်ဆံရေး အကြောင်း
ဆွေးနွေးကြရအောင်
တံခါးရွက်က ဟ´ထားရုံလေး...
ယုံကြည်ရဲရဲ ဖွင့်လှမ်းရဲဖို့ လို
အဆိုး´ ဆိုတာတွေ ထားပါဦး
ကိုယ်စီ အိပ်မက်အရ
ဘယ်လောက် ခမ်းနားချင်ကြတာက
အခု အထင်ကရ ဖြစ်လာနေ...။ ။
(သိင်္ဂါရ)
31st August 2009

“ ည' ဖြစ်ကြောင်း ပြောသွားတဲ့ တနင်္ဂနွေ ”
“ ည' ဖြစ်ကြောင်း ပြောသွားတဲ့ တနင်္ဂနွေ ”
ဘယ်သူ စိုက်ပျိုးတဲ့ တောအုပ်လဲ…
နေပြောက် ထိုးလောက်စရာ မရှိအောင်ဘဲ
ပိန်းပိတ်လှချည့်…
ပန်းတိုင်း ပွင့်ဖူးခွင့် ရှိသော နွေဦးမှာတောင်
ကိုယ့်အမှောင် နဲ့ ကိုယ် လုံလောက်နေခဲ့
ဒီ ခင်တန်း ဒီ ချိုင့်ဝှမ်း
ဒီ ဆူးရိုင်း ချုံခက်တွေ ဖြန့်ကျက်လို့
နက်သထက် နက်ကြောင်း
တော´ က တော´ ပီသထားရဲ့
လေမိုး ပြက်ထရာ…
မြောက်လေ သုန်နွဲ့ရာ…
သစ်ကြီး ၀ါးကြီး ကျွမ်းမြိုက်ရာ…
ချောင်းရိုးတလျှောက်လို တသွင်သွင်ပေါ့…
ညှင်းသွဲ့ လင်းလဲ့သော အခါ မရှိ၊
စိုးစီ ရစ်သီသော အခါ မရှိ၊
နှစ်စဉ် နှစ်စဉ်
အုံ့ဆိုင်းလာသော အမှိုင်းအမွှားများပဲ…..
နေ့စဉ် နေ့စဉ်
သိုင်းရီလာသော အနွယ်အခက်များပဲ…..
အရိုင်းဆန်ထားပြီး…
စမ်းကလေး တစ်ပေါက်မှ မစီးလွင့်
ဆားကလေး တစ်ကျင်းမှ မကြဲချင့်ဘဲ
ကြမ်းထ သွေ့နွမ်းမှုသက်သက်သာ
အထပ်ထပ် တော်လည်းပဲ့တင်ထားတော့…..တယ်။ ။
(သိင်္ဂါရ)
3rd August 2009

“ တစ်ခြမ်းသေ ”
“ တစ်ခြမ်းသေ ”
လူစင်စစ်ဖြစ်ရက်နဲ့ချစ်ခွင့်မရှိခဲ့
ပြီးခဲ့တာတွေ ပြီးစေသား...
ညများနဲ့ နေ့များမှာ
ငါက.....
အူလှိုက်သည်းလှိုက် ငိုချင်းတွေ
အတွင်းသိအစင်းသိ အိပ်မက်တွေနဲ့
တစ်နယ်တစ်ကျေးက လွမ်းလိုတယ်။
သိင်္ဂါရ)
21st August 2009
လူစင်စစ်ဖြစ်ရက်နဲ့ချစ်ခွင့်မရှိခဲ့
ပြီးခဲ့တာတွေ ပြီးစေသား...
ညများနဲ့ နေ့များမှာ
ငါက.....
အူလှိုက်သည်းလှိုက် ငိုချင်းတွေ
အတွင်းသိအစင်းသိ အိပ်မက်တွေနဲ့
တစ်နယ်တစ်ကျေးက လွမ်းလိုတယ်။
သိင်္ဂါရ)
21st August 2009
` မကွယ်မ၀ှက် ´
` မကွယ်မ၀ှက် ´
- စိတ်ထဲ တွေးလိုက်တာ နဲ့ ရေ´ ပဲ...။
တစ်ခါတစ်ခါကျ
ဒီလို ဖေးမမှုလေးတွေအပေါ် လန့်လာ
အားငယ်နေတဲ့ အချိန်တော့
ကိုယ့် ၀ိဥာဉ် ကို ပိုလေးစားခဲ့ပါတယ်။
ငြိမ်းမြလို့.....။
သူဖို့ ကိုယ်ဖို့ ပြောကြတာပေါ့
သူ့ ဂရုဏာလေး အတွက်
အရိပ်ကို အရောင်တင်ထားချင်သေးတာကိုး
ဘယ် စကားဝှက် မှ
ပြောပြစရာ မလိုပါဘူးကွယ်
ဒီ တစ်လှမ်း အစက
အလုံးစုံ နွေးဖျပုံအပ်ခြင်း အဖြစ်သာ တွေးဖို့...။
(သိင်္ဂါရ)
8th September 2009

Monday, September 7, 2009
`ဆိုပါစို့´
`ဆိုပါစို့´
- ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်တယ် ဆိုပါစို့
ရွာကြီးတစ်ရွာ ထဲမှာ ကဗျာဆရာ တစ်ယောက် ရှိတယ် ဆိုပါစို့
ကဗျာဆရာတစ်ယောက် ထဲမှာ သီချင်းတစ်ပုဒ် ရှိတယ် ဆိုပါစို့
သီချင်းတစ်ပုဒ် ထဲမှာ နေကြာပန်းတစ်ပွင့် ရှိတယ် ဆိုပါစို့
နေကြာပန်းတစ်ပွင့် ထဲမှာ ဘုရားသခင် ရှိတယ် ဆိုပါစို့
ဘုရားသခင် ထဲမှာ အဆိပ်ခွက်တစ်ခွက် ရှိတယ် ဆိုပါစို့
အဆိပ်ခွက်တစ်ခွက် ထဲမှာ ငွေစကြေးစ ရှိတယ် ဆိုပါစို့
ငွေစကြေးစ ထဲမှာ ၀ံပုလွေတစ်အုပ် ရှိတယ် ဆိုပါစို့
ဝံပုလွေတစ်အုပ် ထဲမှာ အဏုမြှူဗုံးတစ်လုံး ရှိတယ် ဆိုပါစို့
အဏုမြှူဗုံးတစ်လုံး ထဲမှာ နွေဦး ရှိတယ် ဆိုပါစို့
နွေဦး ထဲမှာ ဂစ်တာတစ်လက် ရှိတယ် ဆိုပါစို့
ဂစ်တာတစ်လက် ထဲမှာ သံလွင်ခက်တစ်ခက် ရှိတယ် ဆိုပါစို့
သံလွင်ခက်တစ်ခက် ထဲမှာ သေနတ်တစ်လက် ရှိတယ် ဆိုပါစို့
သေနတ်တစ်လက် ထဲမှာ အကြမ်းဖက်ဝါဒ ရှိတယ် ဆိုပါစို့
အကြမ်းဖက်ဝါဒ ထဲမှာ နောင်တတရား ရှိတယ် ဆိုပါစို့
နောင်တတရား ထဲမှာ အတ္တ၀ါဒ ရှိတယ် ဆိုပါစို့
အတ္တ၀ါဒ ထဲမှာ အနုပညာ ရှိတယ် ဆိုပါစို့
အနုပညာ ထဲမှာ သေခြင်းတရား ရှိတယ် ဆိုပါစို့
သေခြင်းတရား ထဲမှာ ဘာမှ မရှိခြင်း ရှိတယ် ဆိုပါစို့
ဘာမှ မရှိခြင်း ထဲမှာမှ
ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ချမ်းသာချင်ယောင်ဆောင်ခဲ့တယ်
ဆိုပါစို့…….။ ။
(ရိုးဒီ)
နွယ်နီ , AUG: 07'

`စိတ်ရဲ့ အလျင်´
`စိတ်ရဲ့ အလျင်´
ပင်လယ်၊ နယ်ခြား၊ တောင်ပေါ်၊ ကန္တာရ
သစ်သီး၊ လေအေးပေးစက်၊ ရေကူးကန်
နေလောင်ခံ လိမ်းဆေးခရင်မ်
မကြည့်ဖြစ်သော လက်မှတ်နှစ်စောင်
မသွားဖြစ်သော လမ်းကြောင်းတစ်ခု
မနေဖြစ်သော အခန်းတစ်ခန်း နဲ့
ဟန်ဆောင်တာ မကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်.....
စိတ်ရော ကိုယ်ပါ လျှော့ချကြည့်ပါ
စိတ်နောက် ကိုယ်ပါ လုပ်ခဲ့တာလည်း များပြီပဲ
စိတ်ပါလက်ပါ တွေးကြည့်ဖို့ထက်
စိတ်လိုလက်ရ လုပ်နိုင်သလောက်ဆိုရင်...
စိတ်သွားတိုင်း ကိုယ်ပါနိုင်ဦးမလား။ ။

`ကျန်ရစ်သူ မိသားစု´
`ကျန်ရစ်သူ မိသားစု´
- အခုတော့…..
အိမ်ကလေး ရဲ့ မိုးလေ၀သမှာ
စာကြည့်စားပွဲလေးလည်း မီးခိုးတိတ်
မီးဖိုချောင် မီးသီးလေးလည်း ကျွမ်း
အိမ်ရှေ့ ၀င်းတံခါးလေးလည်း
သံဆူးကြိုး မဲ့ ခဲ့ ပြီ…
ညှိုးရော်နေတဲ့ ခြံဝင်းထဲ
တခြမ်းပဲ့ မေတ္တာလမ်း
နွေ ၀င်္ကပါ
တရားသံ အဆုံးမှာ
မျက်ရည်နဲ့ ရေစက်ချခဲ့သူ
အိမ်ရှင်မရဲ့အလွမ်းတွေ
အမှောင်ထဲ ငေးငေးရီရီ။ ။
(ရိုးဒီ)
< ကာတွန်းမျိုးလေး သို့ >
- အခုတော့…..
အိမ်ကလေး ရဲ့ မိုးလေ၀သမှာ
စာကြည့်စားပွဲလေးလည်း မီးခိုးတိတ်
မီးဖိုချောင် မီးသီးလေးလည်း ကျွမ်း
အိမ်ရှေ့ ၀င်းတံခါးလေးလည်း
သံဆူးကြိုး မဲ့ ခဲ့ ပြီ…
ညှိုးရော်နေတဲ့ ခြံဝင်းထဲ
တခြမ်းပဲ့ မေတ္တာလမ်း
နွေ ၀င်္ကပါ
တရားသံ အဆုံးမှာ
မျက်ရည်နဲ့ ရေစက်ချခဲ့သူ
အိမ်ရှင်မရဲ့အလွမ်းတွေ
အမှောင်ထဲ ငေးငေးရီရီ။ ။
(ရိုးဒီ)
< ကာတွန်းမျိုးလေး သို့ >
“ ကဲ.....ပြောပြနေရတုန်း ”
“ ကဲ.....ပြောပြနေရတုန်း ”
နှုတ်ခမ်းနီ ၀တ်ထားတဲ့
တူညီဝတ်စုံတွေ ဖြတ်ပြေးသွားတယ်.....
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လွန်ခဲ့တဲ့ နှစ် ၅၀ က မျက်မှန်ကိုင်းကြီးများနဲ့
ခါးဆိုလည်း မတ်ထားတယ်။
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
ဘယ်လမ်း ဘယ်ကို ဆိုတဲ့ မြေပုံသိရုံ နဲ့
မသွားဘဲ ရောက်ပြီးထားသလို အိုက်တင်မျိုး
ဆယ့်လေးငါးကျပ်တန် သရော်ပြုံး
တွဲခိုတတ်တုန်းပဲလား။
မင်းက ဘယ်နေရာက ကြည့်နေတာလဲ။
လေ၀င်လေထွက်လည်း ကောင်းခဲ့ကြပါတယ်...
ဘာကောင်ကြီး ထွက်လာမလို အသံမျိုးနဲ့
တစ်နေကုန်ပဲ ထိုင်အော်နေတော့မလား
မင်းက ဘယ်နေရာမှာ ရှိနေတာလဲ။
လန်းတယ် ဆန်းတယ် အနုံဥာတ အာ' နဲ့
စိတ်ကို ကျောင်းထား...
ယောဂတွေမှာပဲ ခံစားနေဆဲလား...
သူတို့က မင်းကို တစ်နေရာက ကြည့်သွားတာ...။
ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲပဲ ပြောပေါ့။
ပြီးမှ ဘာလေးညာလေး လုပ်ချင်မိတယ်ညှိ
ဘာမှမသိတဲ့သူတွေ ကျန်နေဦးမှာပါလေ...
နွေ.....ပါပဲ
အလျှောက်အလှမ်းကတော့ နွေ...ပါပဲ
အ၀ိုင်းနဲ့ ကြက်ခြေခတ် ကစားသော ကလေးအထာ
မကျေညက်လို့သာ
ထပ်ထပ် ကစားရတာလို့ သဘောထား
ငါတို့.....
ဒီလို ပြောဖြစ်ကြတာတောင်
နှစ်သံသရာလောက်က
ငြိဖူးခဲ့ကြတာ ရှိသေးလို့...။
ဘေးဘီဝဲယာထက်
အာရုံစိုက်သင့်တာကတော့
မင်းက ဘယ်နေရာမှာ ရှိနေတာတဲ့လဲ။ ။

' Chatting '
' Chatting '
- ပြီးပြီးရောပဲ ပြောနေကြတော့မလား...။
ငါတို့ ဂဃနဏ သိဖို့ လိုအပ်လာ...
စိတ်ကို မသတ်နဲ့
အနာဂါတ်ကို အဆိပ်မခတ်နဲ့
ရိုးသားမှုအလျဉ် အတိုင်း လှော်ခတ်ကြဖို့
Nice to meet you လို့တော့ စ´ပြောခဲ့ကြတာချည်း
ဘယ်သူ့ ဘယ်သူမှ အပန်းဖြေစရာ လို့သာ မထင်ကြေး
ကိုယ်ကျင့်တရား နဲ့ သီလ အကြောင်း
အထင်ကရ ဂုဏ်တင်သော နိုင်ငံမှာ
သူတို့ သိက္ခာမဲ့သလို မင်းလည်း.....။
- လွတ်မြောက်ကြရအောင်ပါ...
အနီးစပ်ဆုံး တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ်ပေါ့
ဘယ်လောက် ကျေးဇူးပြုခဲ့ဖူးသတဲ့လဲ...။
တွေးလိုက်...
မှိုင်းတိုက်နေတဲ့ လောင်းရိပ်ကတော့ ရှိနေမှာ
ကိုယ့် ၀င်လေထွက်လေနဲ့ ကိုယ် ရှင်းမြဖို့ပဲ စဉ်းစား
တစ်ခေတ် တစ်ယောက်အထိတော့ မလိုအပ်ပါဘူးကွယ်
အိပ်ရာဝင်...
တနေ့တာအပေါ် ကျေနပ်ဖို့မျှ.....။ ။
(သိင်္ဂါရ)
29th August 2009

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”
“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”
ခုနစ်ထပ်လောက် ဆင့်ထားတဲ့ ဆံပင်နဲ့
ရောင်ပြေးလေး လျှမ်းပြတော့
သာသာယာယာတွေးမိ
ဖန်စီမကျတာအထိ အခုမှ စတယ်....
အားလုံး..... တွေ ချည်းပါပဲကွယ်
မီးတစ်ချက် တောက်' ကစားပြရင်
ရင်သပ်ရှုမောသွားတတ်မြဲ...။
ဆန် နဲ့ စပြီး ဆန် နဲ့ ဆုံးတယ်
နှစ်လေးငါးဆယ် တွေးကြည့်တဲ့အခါကျ
လှော်တက်ကို တစ်ချက်မကူနိုင်တောင်
လှေဝမ်းထဲက ရေ' ခပ်ထုတ်ရုံတတ်မှ
ငါတို့လည်း ဘာမှ မကူနိုင်ဘူး
မင်းက
ဒါလေးတစ်ခုတော့
သူလိုငါလိုသာ တွေးလိုက်ပါ။ ။
( သိင်္ဂါရ )
21st August 2009
ခုနစ်ထပ်လောက် ဆင့်ထားတဲ့ ဆံပင်နဲ့
ရောင်ပြေးလေး လျှမ်းပြတော့
သာသာယာယာတွေးမိ
ဖန်စီမကျတာအထိ အခုမှ စတယ်....
အားလုံး..... တွေ ချည်းပါပဲကွယ်
မီးတစ်ချက် တောက်' ကစားပြရင်
ရင်သပ်ရှုမောသွားတတ်မြဲ...။
ဆန် နဲ့ စပြီး ဆန် နဲ့ ဆုံးတယ်
နှစ်လေးငါးဆယ် တွေးကြည့်တဲ့အခါကျ
လှော်တက်ကို တစ်ချက်မကူနိုင်တောင်
လှေဝမ်းထဲက ရေ' ခပ်ထုတ်ရုံတတ်မှ
ငါတို့လည်း ဘာမှ မကူနိုင်ဘူး
မင်းက
ဒါလေးတစ်ခုတော့
သူလိုငါလိုသာ တွေးလိုက်ပါ။ ။
( သိင်္ဂါရ )
21st August 2009
" နာကျင်မှု နဲ့ အခက်အခဲ "
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈ နှစ် ၀န်းကျင် အသက်ရှင်နေနိုင် ပါတယ်။ လင်းယုန် ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုးပါ။ ဒါပေမယ့် သက်တမ်း ၄၀ လောက်ရောက်လာတဲ့အခါ လင်းယုန်တွေဟာ ကောင်းကောင်း မပျံနိုင်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှုတ်သီးတွေဟာ ကွေးလာပြီး ရင်ဘတ်နား ထိအောင် စိုက်ကျလာမယ်။ လက်သည်းတွေဟာ အလွန်ရှည်လျားလာပြီး အစာ ရှာဖို့ ခက် လာမယ်။ အဲဒါ လင်းယုန်တိုင်း ပါပဲ.....။
အဲဒီ့မှာ ရွေးစရာ လမ်းနှစ်ခု ရှိတယ်...။
တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ဘဲ သေပွဲဝင်မယ့်နေ့ ကို ထိုင်စောင့်ဖို့...။
နောက်တစ်ခုကတော့ ကျန်နေတဲ့ ၃၈ နှစ် ကို ကောင်းစွာ ပျံသန်းရင်း အသက်
ဆက်ရှင်ဖို့...။
အဲ.....ဆက်ပြီး ရှင်သန်ဖို့ ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို မဖြစ်မနေ ဖြတ်သန်း ရပါမယ်။ အဲဒီ့ ဖြစ်စဉ်နာမည်က " Pain & Difficulties " " နာကျင်မှု နဲ့ အခက်အခဲ " တဲ့။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေကို ပျံသန်းသွားရမယ်၊ ကျောက်တောင် ထိပ်ပေါ် ရောက်ရင် နှုတ်သီးကို ကျောက်သားတွေနဲ့ ဖဲ့ရိုက်ချိုးပစ်ရမယ်၊ တစ်ခါ နှုတ်သီးနဲ့ လက်သည်းတွေကို ဆွဲခွာပြီး နှုတ်ပစ်ရမယ်၊ ဘယ်လောက်များ နာကျင်လိုက်လေမလဲ.....။
ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ.....။ ကိုယ်တိုင် လုပ်ရတာ၊ အသက်ရှင်ချင်သူ ကိုယ်တိုင် လုပ်မှ ရတာမျိုးပေါ့...။
ပြီးရင်တော့ ရက်နည်းနည်း ကြာအောင် တောင်ထိပ်မှာနေပြီး လက်သည်းတွေ၊
နှုတ်သီးတွေ အသစ်ပြန်ထွက်ပြီး အသားကျလာတဲ့အထိ စောင့်ရမယ်။ အဲဒီ့နောက်...ကျန်ရှိတဲ့
သက်တမ်း ၃၈ နှစ် ကို ဆက်လက် ရှင်သန်ခွင့် ရသွားပါပြီ.....။
ဒုတိယ နည်းလမ်းကို ရွေးချယ်တဲ့ လင်းယုန်တွေ အများကြီးရှိပါတယ်။
ကျွန်တော်တို့က လူသားတွေပါ...၊ လင်းယုန်ဆိုတဲ့ ငှက်တွေတောင် အသက်
ဆက်ရှင်ဖို့ အတွက် “နာကျင်မှု နဲ့ အခက်အခဲ” ဖြစ်စဉ်ကိုကျော်လွန်ရမှာမျိုး ရွေးချယ်ရဲသေးရင် ကျွန်တော်တို့လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်သွားဖို့၊ ဆက်လက် ရှင်သန်နေထိုင်ဖို့ “နာကျင်မှု နဲ့ အခက်အခဲ ” ဆိုတာတွေ ကြုံလာရင် မဖြစ်မနေ ရင်ဆိုင်ရဲ ရမှာပေါ့ဗျာ.....။
တစ်ခါတစ်ရံ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့ ကျွန်တော် တို့တတွေ အရမ်းနာကျင်ကြရမယ်၊ အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။
အဲဒီ့အခါ “နာကျင်မှုနဲ့အခက်အခဲ”ဆိုတာတွေကိုကျွန်တော်တို့အတူကျော်ဖြတ်ကြရအောင်ပါ..။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့အားလုံး ကျန်နေသေးတဲ့ သက်တမ်းတွေကို
အဓိပ္ပာယ်ရှိရှိ ရှင်သန်သွားကြမှာမို့၊ ကျွန်တော်တို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့် သူတွေ မဟုတ်ကြလို့ပါပဲ.....။

About of Men & Women
အိုဘယ့် မိန်းမ...
> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင်အတွေးအခေါ် ရှိတာကျတော့
ယောက်ျားဆန်၊ မိန်းမပီပီနေတော့အသုံးအဖြုန်းကကြီး၊ချွေတာစုဆောင်းတတ်တာကျတော့
ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ
ကြည့်လို့မလှပြန်။
...............................................................................။
အိုဘယ့် ယောင်္ကျား...
> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင်
အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ
မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ်ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့
ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့
စိတ်ချအားကိုးလို့ မရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဖိုသီဖတ်သီ
နဲ့ အပေအတေတစ်ယောက်လို နေမယ်။
...............................................................................။
ဒါကြောင့်................................
> ပါးနပ်တဲ့ ယောင်္ကျားနဲ့ ဥာဏ်ရှိတဲ့ မိန်းမတွေ့ရင် ရိုမက်တစ် ဆန်တဲ့ အချစ်မျိုး ဖြစ်လာ နိုင်တယ်။
> ပါးနပ်တဲ့ ယောင်္ကျားနဲ့ အူတူတူ မိန်းမနဲ့ ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။
> ဥာဏ်ရှိတဲ့ မိန်းမနဲ့ တုံးအတဲ့ ယောက်ျား တွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
> ယောင်္ကျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ပါ ရသွားနိုင်ပါတယ်... တဲ့။
> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။
-----------------------------------------------------------------။
ပြီးတော့....
> မိန်းမတွေဟာ အနာဂတ်အတွက် စိတ်ပူကြတာ ယောင်္ကျား ရသွားတဲ့ အထိပဲ။
> ယောင်္ကျားတွေ ကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
> အောင်မြင်တဲ့ ယောင်္ကျား ဆိုတာ သူ့မိန်းမ သုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကို ခေါ်တာ။
> အောင်မြင်တဲ့ မိန်းမကျတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူ ကို ခေါ်တာတဲ့။
-----------------------------------------------------------------။
(လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်။)
> ROMANCE MATHEMATICS
> Smart man + Smart woman = Romance
> Smart man + Dumb woman = Affair
> Dumb man + Smart woman = Marriage
> Dumb man + Dumb woman = Pregnancy
> GENERAL EQUATIONS & STATISTICS
> A woman worries about the future until she gets a husband.
> A man never worries about the future until he gets a wife.
> A successful man is one who makes more money than his wife can spend.
> A successful woman is one who can find such a man.

Subscribe to:
Posts (Atom)