`စောင့်ထိန်းမှုအကြောင်း တွေးဖြစ်တဲ့အခါ´
တချို့တချို့သော စီးမျောပုံတို့မှာ
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ.....
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိတော့တဲ့ ကောင်းချီးပေးမှု တစ်ခု...။
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ...
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
ဘယ်တော့မှ လွှတ်ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါကျရင်သာ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း ပေါ်လွင်လိမ့်...
ဒီလိုနဲ့ပဲ ပြီးရမယ့် သာမန်ကိစ္စတစ်ခု ပါပဲကွဲ့...
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလုပ်အပ်လို့
နောက်ဆုံး.....
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
တစ်စွန်းတစ်စမှ မရိုးမသား မရှိဖို့။ ။
(သိင်္ဂါရ)
PM 10:30, 10th September 2008
Thursday, September 10, 2009
`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´
`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´
သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။
(သိင်္ဂါရ)
21st August 2009
သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။
(သိင်္ဂါရ)
21st August 2009
`အရိုးရှင်းဆုံး မရိုးသားမှု´
`အရိုးရှင်းဆုံး မရိုးသားမှု´
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..
(သိင်္ဂါရ)
21st August 2009
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..
(သိင်္ဂါရ)
21st August 2009
`အမှာစကား´
`အမှာစကား´
ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
နှစ်သစ်ကူးကာလ ကိုလည်း လွန်မြောက်ခဲ့ပြီ
ပိုပြီးပြောပြစရာ ညများအကြောင်းလည်း မရှိတော့ပြီ
ဝသီလို့ မင်းပြောခဲ့တဲ့အတိုင်း
နေ့တွေအကြောင်းကို မေ့လိုက်ရအောင်ပါ။
တနင်္ဂနွေ ဆိုတာ ဘယ်လောက်လှလို့
ငါတို့ အားလပ်ချိန်ကို ထည့်လိုက်ရမတဲ့လဲ...
ကိုယ့်အတ္တ နဲ့ ကိုယ်ရွေ့ပါ။
စည်းခြားရိုးခြား
ငါ့ထက် ပိုတွေးရမယ့် မင်းအတ္တနဲ့
ငါ့အတ္တထက် ပိုတွေးရမယ့် မင်းအကြောင်းက
ဆွေးနွေးစရာ ဖြစ်လာမလားပဲ
အပြာရောင်နေ့များလည်း ရှိမယ်။
အ၀ါညစ်ညစ် နှစ်ကာလတွေလည်း ကြုံမယ်
တစ်ချက်မှတော့ ငဲ့ မကြည့်လိုက်ပါနဲ့
ဟိုတုန်းကထက် ပိုရွံတဲ့ မျက်လုံးမျိုးနဲ့
တစ်ခုသော ကမ်းလက်ကိုသာ
စိတ်လိုလက်ရ တွဲလိုက်ပါ။ ။
(သိင်္ဂါရ)
28th October 2008
ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
နှစ်သစ်ကူးကာလ ကိုလည်း လွန်မြောက်ခဲ့ပြီ
ပိုပြီးပြောပြစရာ ညများအကြောင်းလည်း မရှိတော့ပြီ
ဝသီလို့ မင်းပြောခဲ့တဲ့အတိုင်း
နေ့တွေအကြောင်းကို မေ့လိုက်ရအောင်ပါ။
တနင်္ဂနွေ ဆိုတာ ဘယ်လောက်လှလို့
ငါတို့ အားလပ်ချိန်ကို ထည့်လိုက်ရမတဲ့လဲ...
ကိုယ့်အတ္တ နဲ့ ကိုယ်ရွေ့ပါ။
စည်းခြားရိုးခြား
ငါ့ထက် ပိုတွေးရမယ့် မင်းအတ္တနဲ့
ငါ့အတ္တထက် ပိုတွေးရမယ့် မင်းအကြောင်းက
ဆွေးနွေးစရာ ဖြစ်လာမလားပဲ
အပြာရောင်နေ့များလည်း ရှိမယ်။
အ၀ါညစ်ညစ် နှစ်ကာလတွေလည်း ကြုံမယ်
တစ်ချက်မှတော့ ငဲ့ မကြည့်လိုက်ပါနဲ့
ဟိုတုန်းကထက် ပိုရွံတဲ့ မျက်လုံးမျိုးနဲ့
တစ်ခုသော ကမ်းလက်ကိုသာ
စိတ်လိုလက်ရ တွဲလိုက်ပါ။ ။
(သိင်္ဂါရ)
28th October 2008
“ အဲဒီ့အတိုင်း လုပ်လိုက်ဖို့ ”
“ အဲဒီ့အတိုင်း လုပ်လိုက်ဖို့ ”
ချစ်ခြင်းတရားမှာ...
အနာအဆာမပါ၊ အဖုအထစ်မပါ
တကယ့်စီးမျောမှုသက်သက်အတိုင်း
ပကတိ ရိုးသားခဲ့ပါတယ်။
သက်သေပြစရာတော့...
နှလုံးခုန်သံပဲ ရှိတယ်။
စိတ်တိုင်း စိတ်တိုင်းရဲ့ အနုကမ္ပတ်မှာ
ဘ၀ရဲ့ အထားအသိုတွေ ရှိနေတာတော့
ထားလိုက်ဖို့...
လျှောက်လှမ်းကြပါစို့ရဲ့
ငါတို့ ကံလမ်းကြောင်း အတိုင်း.....
လုပ်ယူလို့ရတဲ့ ကံကြမ္မာတွေ အတွက်
ဝမ်းသာ ၀င့်ကြွား၊ ဆောင့်ကြွားကြွားနိုင်ဖို့ ရှိသလို
လုပ်ယူလို့မရတဲ့ ကံကြမ္မာတချို့အတွက်လည်း
စိတ်မပျက်ကြေး
သေးသေးလေးတွေကိုချည်း လိုက်မတွေးမိနေစေနဲ့
ငါတို့
ဘယ်လောက် ခမ်းနားအောင် အိပ်မက်ထားတယ် ဆိုတာ
တွေးတိုင်း သတိရဖို့ ရှိသလို
သတိရတိုင်း တွေးဖို့ ရှိတဲ့အရာ။ ။
(သိင်္ဂါရ)
PM 11:47, 7th September 2008
ချစ်ခြင်းတရားမှာ...
အနာအဆာမပါ၊ အဖုအထစ်မပါ
တကယ့်စီးမျောမှုသက်သက်အတိုင်း
ပကတိ ရိုးသားခဲ့ပါတယ်။
သက်သေပြစရာတော့...
နှလုံးခုန်သံပဲ ရှိတယ်။
စိတ်တိုင်း စိတ်တိုင်းရဲ့ အနုကမ္ပတ်မှာ
ဘ၀ရဲ့ အထားအသိုတွေ ရှိနေတာတော့
ထားလိုက်ဖို့...
လျှောက်လှမ်းကြပါစို့ရဲ့
ငါတို့ ကံလမ်းကြောင်း အတိုင်း.....
လုပ်ယူလို့ရတဲ့ ကံကြမ္မာတွေ အတွက်
ဝမ်းသာ ၀င့်ကြွား၊ ဆောင့်ကြွားကြွားနိုင်ဖို့ ရှိသလို
လုပ်ယူလို့မရတဲ့ ကံကြမ္မာတချို့အတွက်လည်း
စိတ်မပျက်ကြေး
သေးသေးလေးတွေကိုချည်း လိုက်မတွေးမိနေစေနဲ့
ငါတို့
ဘယ်လောက် ခမ်းနားအောင် အိပ်မက်ထားတယ် ဆိုတာ
တွေးတိုင်း သတိရဖို့ ရှိသလို
သတိရတိုင်း တွေးဖို့ ရှိတဲ့အရာ။ ။
(သိင်္ဂါရ)
PM 11:47, 7th September 2008
Subscribe to:
Posts (Atom)