`နှလုံးအိမ် ကို ထိတော့မှ မြည်တဲ့ အသံ´
မျက်နှာချင်းဆိုင်က ၀င်လာတဲ့ ဓါးချက်ကို
လေစုန်အတိုင်း လွှဲချလိုက်
ဒီနေ့ဟာ နေသာသော နေ့တစ်ရက် ဖြစ်တယ်။
သုတေသနစစ်တမ်းများ အရ
ရနံ့အကြောင်း ဆိုတာ
ပန်းတိုင်းအတွက်
သင်ကြားဖို့ မလိုသော ဘာသာဗေဒ
ငြိမ်ဆိတ်နေသော ရေပြင်ကို သာ ခဲ´မပစ်ပါနဲ့
ကိုယ်ကြပ်အင်္ကျီမှာ လက်တစ်သစ်စာ
အဟ အကြားတောင် မရှိ လို့ ယုံထားရင်
အဝေးဆုံးက မီးတစ်ပွင့်မှာလည်း အလင်းရှိမြဲ
အာရုံသိက ဖြစ်မယ့် စည်းချက်အရ
အသွေးအသား သက်သက် ကခုန်လိုက်ရုံ
သိပ်ပြီး တွေးမထားပါနဲ့
ခဏအကြာ ဘာမဆိုဖြစ်သွားလေ့ရှိဆဲ...။ ။
(သိင်္ဂါရ)
13th September 2009
Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts
Tuesday, September 15, 2009
`နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး´
`နှစ်ဦးသဘောတူ ဆိုညည်းတီးခတ်ထားတဲ့ တေး´
ဘယ် လက်ခတ်နဲ့ ခတ်ခတ် သံစဉ်မှန်ဖို့
အနုပညာကို မညာနဲ့
သူများ ကွေးညွှတ်အားမှာ ရင်သပ်ရှုမောတာ
ဖန်တီးသူတွေ အလုပ် မဟုတ်
တစ်ခေတ်က အိပ်မက်တွေနဲ့လည်း
ပျိုလွင်ခဲ့ဖူးတာ
အနုပညာကိုတော့ မညာလိုက်နဲ့
လျှပ်စီးတွေ ပြက်ပြက်ထပြီး
လေကို ညှို့ယူပြဦးမယ်...?
မင်းမို့ တိုက်စားသွားရင်
မြေနုသဲဝှမ်းချည်း ဖြစ်မယ်ထင်
အနုပညာကို ညာကြည့်ချင်တုန်း
ဘယ်အမှောင်နဲ့ မှလည်း လင်းမပြနဲ့
ချပြလိုက်ရင် ဆိုတဲ့
မျက်လှည့်ဆရာ တောလားကြီးနဲ့
အလမ္ပာယ် ပြက်လုံးပဲတတ်
ကိုယ့် အသက်ဓါတ်နဲ့ ကိုယ် စည်းချက်ကျပြီ တဲ့လား
မိုးရိပ်လွှမ်းပြီးမှ
သင်းလာတဲ့ မြေနံ့အရတော့
အိပ်မက်တစ်ဆင်စာလုံး ပျိုးကြဲတတ်ဖို့ ပဲ လိုပါတယ်...။ ။
(သိင်္ဂါရ)
15th September 2009
ဘယ် လက်ခတ်နဲ့ ခတ်ခတ် သံစဉ်မှန်ဖို့
အနုပညာကို မညာနဲ့
သူများ ကွေးညွှတ်အားမှာ ရင်သပ်ရှုမောတာ
ဖန်တီးသူတွေ အလုပ် မဟုတ်
တစ်ခေတ်က အိပ်မက်တွေနဲ့လည်း
ပျိုလွင်ခဲ့ဖူးတာ
အနုပညာကိုတော့ မညာလိုက်နဲ့
လျှပ်စီးတွေ ပြက်ပြက်ထပြီး
လေကို ညှို့ယူပြဦးမယ်...?
မင်းမို့ တိုက်စားသွားရင်
မြေနုသဲဝှမ်းချည်း ဖြစ်မယ်ထင်
အနုပညာကို ညာကြည့်ချင်တုန်း
ဘယ်အမှောင်နဲ့ မှလည်း လင်းမပြနဲ့
ချပြလိုက်ရင် ဆိုတဲ့
မျက်လှည့်ဆရာ တောလားကြီးနဲ့
အလမ္ပာယ် ပြက်လုံးပဲတတ်
ကိုယ့် အသက်ဓါတ်နဲ့ ကိုယ် စည်းချက်ကျပြီ တဲ့လား
မိုးရိပ်လွှမ်းပြီးမှ
သင်းလာတဲ့ မြေနံ့အရတော့
အိပ်မက်တစ်ဆင်စာလုံး ပျိုးကြဲတတ်ဖို့ ပဲ လိုပါတယ်...။ ။
(သိင်္ဂါရ)
15th September 2009
Thursday, September 10, 2009
`အသံ မစုံတဲ့ တေး´
`အသံ မစုံတဲ့ တေး´
စက်ချုပ်သံ တဂျုပ်ဂျုပ်မှာ
တို့ တတွေ ကို မမောတမ်း တင်ဆောင်ခဲ့တဲ့
အလံမဲ့ ရထားလေးဟာ မေမေဆိုလို့ရှိရင်
ပျော်ရွှင်မှုကို အိမ်ပြင်ထွက်ရှာတတ်တဲ့
အသိုက်မေ့ ငှက်တစ်ကောင်ဟာ ဖေဖေ ပေါ့။
ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိုင်မှုထဲ
ပလပ်တစ်ပေါက်လွတ်
တို့ မိသားစု ဖန်သားပြင်လေး
အခုထိ
ရုပ်မြင်အသံ မကြားသေး။ ။
(ရိုးဒီ)
စက်ချုပ်သံ တဂျုပ်ဂျုပ်မှာ
တို့ တတွေ ကို မမောတမ်း တင်ဆောင်ခဲ့တဲ့
အလံမဲ့ ရထားလေးဟာ မေမေဆိုလို့ရှိရင်
ပျော်ရွှင်မှုကို အိမ်ပြင်ထွက်ရှာတတ်တဲ့
အသိုက်မေ့ ငှက်တစ်ကောင်ဟာ ဖေဖေ ပေါ့။
ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိုင်မှုထဲ
ပလပ်တစ်ပေါက်လွတ်
တို့ မိသားစု ဖန်သားပြင်လေး
အခုထိ
ရုပ်မြင်အသံ မကြားသေး။ ။
(ရိုးဒီ)
“ ရှုမျှော်ခင်း ”
“ ရှုမျှော်ခင်း ”
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့အမှားထဲ.....
တိမ်တွေက လှလိုက်တာ...
ငါ့မှာ..... တရားနဲ့ ဖြေရတယ်။
( မန္တလေးသိန်းဇော် )
Created at 21st August 2009.
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့အမှားထဲ.....
တိမ်တွေက လှလိုက်တာ...
ငါ့မှာ..... တရားနဲ့ ဖြေရတယ်။
( မန္တလေးသိန်းဇော် )
Created at 21st August 2009.
`စောင့်ထိန်းမှုအကြောင်း တွေးဖြစ်တဲ့အခါ´
`စောင့်ထိန်းမှုအကြောင်း တွေးဖြစ်တဲ့အခါ´
တချို့တချို့သော စီးမျောပုံတို့မှာ
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ.....
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိတော့တဲ့ ကောင်းချီးပေးမှု တစ်ခု...။
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ...
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
ဘယ်တော့မှ လွှတ်ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါကျရင်သာ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း ပေါ်လွင်လိမ့်...
ဒီလိုနဲ့ပဲ ပြီးရမယ့် သာမန်ကိစ္စတစ်ခု ပါပဲကွဲ့...
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလုပ်အပ်လို့
နောက်ဆုံး.....
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
တစ်စွန်းတစ်စမှ မရိုးမသား မရှိဖို့။ ။
(သိင်္ဂါရ)
PM 10:30, 10th September 2008
တချို့တချို့သော စီးမျောပုံတို့မှာ
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ.....
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိတော့တဲ့ ကောင်းချီးပေးမှု တစ်ခု...။
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ...
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
ဘယ်တော့မှ လွှတ်ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါကျရင်သာ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း ပေါ်လွင်လိမ့်...
ဒီလိုနဲ့ပဲ ပြီးရမယ့် သာမန်ကိစ္စတစ်ခု ပါပဲကွဲ့...
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလုပ်အပ်လို့
နောက်ဆုံး.....
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
တစ်စွန်းတစ်စမှ မရိုးမသား မရှိဖို့။ ။
(သိင်္ဂါရ)
PM 10:30, 10th September 2008
`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´
`ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း´
သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။
(သိင်္ဂါရ)
21st August 2009
သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။
(သိင်္ဂါရ)
21st August 2009
`အရိုးရှင်းဆုံး မရိုးသားမှု´
`အရိုးရှင်းဆုံး မရိုးသားမှု´
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..
(သိင်္ဂါရ)
21st August 2009
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..
(သိင်္ဂါရ)
21st August 2009
`အမှာစကား´
`အမှာစကား´
ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
နှစ်သစ်ကူးကာလ ကိုလည်း လွန်မြောက်ခဲ့ပြီ
ပိုပြီးပြောပြစရာ ညများအကြောင်းလည်း မရှိတော့ပြီ
ဝသီလို့ မင်းပြောခဲ့တဲ့အတိုင်း
နေ့တွေအကြောင်းကို မေ့လိုက်ရအောင်ပါ။
တနင်္ဂနွေ ဆိုတာ ဘယ်လောက်လှလို့
ငါတို့ အားလပ်ချိန်ကို ထည့်လိုက်ရမတဲ့လဲ...
ကိုယ့်အတ္တ နဲ့ ကိုယ်ရွေ့ပါ။
စည်းခြားရိုးခြား
ငါ့ထက် ပိုတွေးရမယ့် မင်းအတ္တနဲ့
ငါ့အတ္တထက် ပိုတွေးရမယ့် မင်းအကြောင်းက
ဆွေးနွေးစရာ ဖြစ်လာမလားပဲ
အပြာရောင်နေ့များလည်း ရှိမယ်။
အ၀ါညစ်ညစ် နှစ်ကာလတွေလည်း ကြုံမယ်
တစ်ချက်မှတော့ ငဲ့ မကြည့်လိုက်ပါနဲ့
ဟိုတုန်းကထက် ပိုရွံတဲ့ မျက်လုံးမျိုးနဲ့
တစ်ခုသော ကမ်းလက်ကိုသာ
စိတ်လိုလက်ရ တွဲလိုက်ပါ။ ။
(သိင်္ဂါရ)
28th October 2008
ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
နှစ်သစ်ကူးကာလ ကိုလည်း လွန်မြောက်ခဲ့ပြီ
ပိုပြီးပြောပြစရာ ညများအကြောင်းလည်း မရှိတော့ပြီ
ဝသီလို့ မင်းပြောခဲ့တဲ့အတိုင်း
နေ့တွေအကြောင်းကို မေ့လိုက်ရအောင်ပါ။
တနင်္ဂနွေ ဆိုတာ ဘယ်လောက်လှလို့
ငါတို့ အားလပ်ချိန်ကို ထည့်လိုက်ရမတဲ့လဲ...
ကိုယ့်အတ္တ နဲ့ ကိုယ်ရွေ့ပါ။
စည်းခြားရိုးခြား
ငါ့ထက် ပိုတွေးရမယ့် မင်းအတ္တနဲ့
ငါ့အတ္တထက် ပိုတွေးရမယ့် မင်းအကြောင်းက
ဆွေးနွေးစရာ ဖြစ်လာမလားပဲ
အပြာရောင်နေ့များလည်း ရှိမယ်။
အ၀ါညစ်ညစ် နှစ်ကာလတွေလည်း ကြုံမယ်
တစ်ချက်မှတော့ ငဲ့ မကြည့်လိုက်ပါနဲ့
ဟိုတုန်းကထက် ပိုရွံတဲ့ မျက်လုံးမျိုးနဲ့
တစ်ခုသော ကမ်းလက်ကိုသာ
စိတ်လိုလက်ရ တွဲလိုက်ပါ။ ။
(သိင်္ဂါရ)
28th October 2008
“ အဲဒီ့အတိုင်း လုပ်လိုက်ဖို့ ”
“ အဲဒီ့အတိုင်း လုပ်လိုက်ဖို့ ”
ချစ်ခြင်းတရားမှာ...
အနာအဆာမပါ၊ အဖုအထစ်မပါ
တကယ့်စီးမျောမှုသက်သက်အတိုင်း
ပကတိ ရိုးသားခဲ့ပါတယ်။
သက်သေပြစရာတော့...
နှလုံးခုန်သံပဲ ရှိတယ်။
စိတ်တိုင်း စိတ်တိုင်းရဲ့ အနုကမ္ပတ်မှာ
ဘ၀ရဲ့ အထားအသိုတွေ ရှိနေတာတော့
ထားလိုက်ဖို့...
လျှောက်လှမ်းကြပါစို့ရဲ့
ငါတို့ ကံလမ်းကြောင်း အတိုင်း.....
လုပ်ယူလို့ရတဲ့ ကံကြမ္မာတွေ အတွက်
ဝမ်းသာ ၀င့်ကြွား၊ ဆောင့်ကြွားကြွားနိုင်ဖို့ ရှိသလို
လုပ်ယူလို့မရတဲ့ ကံကြမ္မာတချို့အတွက်လည်း
စိတ်မပျက်ကြေး
သေးသေးလေးတွေကိုချည်း လိုက်မတွေးမိနေစေနဲ့
ငါတို့
ဘယ်လောက် ခမ်းနားအောင် အိပ်မက်ထားတယ် ဆိုတာ
တွေးတိုင်း သတိရဖို့ ရှိသလို
သတိရတိုင်း တွေးဖို့ ရှိတဲ့အရာ။ ။
(သိင်္ဂါရ)
PM 11:47, 7th September 2008
ချစ်ခြင်းတရားမှာ...
အနာအဆာမပါ၊ အဖုအထစ်မပါ
တကယ့်စီးမျောမှုသက်သက်အတိုင်း
ပကတိ ရိုးသားခဲ့ပါတယ်။
သက်သေပြစရာတော့...
နှလုံးခုန်သံပဲ ရှိတယ်။
စိတ်တိုင်း စိတ်တိုင်းရဲ့ အနုကမ္ပတ်မှာ
ဘ၀ရဲ့ အထားအသိုတွေ ရှိနေတာတော့
ထားလိုက်ဖို့...
လျှောက်လှမ်းကြပါစို့ရဲ့
ငါတို့ ကံလမ်းကြောင်း အတိုင်း.....
လုပ်ယူလို့ရတဲ့ ကံကြမ္မာတွေ အတွက်
ဝမ်းသာ ၀င့်ကြွား၊ ဆောင့်ကြွားကြွားနိုင်ဖို့ ရှိသလို
လုပ်ယူလို့မရတဲ့ ကံကြမ္မာတချို့အတွက်လည်း
စိတ်မပျက်ကြေး
သေးသေးလေးတွေကိုချည်း လိုက်မတွေးမိနေစေနဲ့
ငါတို့
ဘယ်လောက် ခမ်းနားအောင် အိပ်မက်ထားတယ် ဆိုတာ
တွေးတိုင်း သတိရဖို့ ရှိသလို
သတိရတိုင်း တွေးဖို့ ရှိတဲ့အရာ။ ။
(သိင်္ဂါရ)
PM 11:47, 7th September 2008
“ သံသယ မိုးတိမ် ”
“ သံသယ မိုးတိမ် ”
တိမ်မည်းတွေလို
ငါ့အပေါ် အုံ့ဆိုင်းမထားဘဲ
ရွာမယ်ဆို ရွာချလိုက်ရင်လည်း
ရပါတယ်။
ငါကတော့.....
မှိုင်းညို့ ပူလောင်နေမယ့်အစား
သက်တန့်တွေ ကြားမှာပဲ
ဖျား' နေလိုက်ချင်တယ်။ ။
(သိင်္ဂါရ)
Created at 21st August 2009.
တိမ်မည်းတွေလို
ငါ့အပေါ် အုံ့ဆိုင်းမထားဘဲ
ရွာမယ်ဆို ရွာချလိုက်ရင်လည်း
ရပါတယ်။
ငါကတော့.....
မှိုင်းညို့ ပူလောင်နေမယ့်အစား
သက်တန့်တွေ ကြားမှာပဲ
ဖျား' နေလိုက်ချင်တယ်။ ။
(သိင်္ဂါရ)
Created at 21st August 2009.
`လွန်ခဲ့သော နှစ်နှစ်ကတည်းက မက်ထားဖြစ်တဲ့ အိပ်မက်´
`လွန်ခဲ့သော နှစ်နှစ်ကတည်းက မက်ထားဖြစ်တဲ့ အိပ်မက်´
ဒီရက်တွေထဲ
သူငယ်နှပ်စားလေးလို ငေးနေမိတဲ့ အခါတွေ ရှိခဲ့တယ်။
ဒီမနက်တွေထဲ
မျက်လုံးတွေ မှိတ်တဲ့အခါမှ မြင်နေရမှာလည်း
စိုးခဲ့တယ်။
အထူးတလည်
လေပြေသွေ့တိုင်း…
ရယ်ဟန်ကလေး ရိုးတိုးရိပ်တိတ်ဆီ
တွေးနေမိရမယ့် နှစ်ကာလမျိုးတော့ မဟုတ်တော့ပါဘူး။
မည်သို့ လုပ်လိုက်သည်မသိ
လူလေးယောက် လဲကျသွား ဆိုတဲ့
တစ်ခေတ်က တင်ဆက်ပုံများလို
ဆန်းဆန်းကြယ်ကြယ်ပေါ့...
ယုံတတ်မှတော့ ယုံအပ်စရာပါ။
ဒီဘက်ရင်အုံဆီက
အခါခပ်သိမ်း မြည်ဟည်းနေသော အသံအကြောင်း
စကားစပ်ရရင်သာ
အလွမ်း နဲ့ ရွေ့တဲ့ စက္ကန့်တွေချည်းသက်သက်ပဲ
ပြောပြဖို့ ရှိတယ်…။ ။
(သိင်္ဂါရ)
21st August 2009
ဒီရက်တွေထဲ
သူငယ်နှပ်စားလေးလို ငေးနေမိတဲ့ အခါတွေ ရှိခဲ့တယ်။
ဒီမနက်တွေထဲ
မျက်လုံးတွေ မှိတ်တဲ့အခါမှ မြင်နေရမှာလည်း
စိုးခဲ့တယ်။
အထူးတလည်
လေပြေသွေ့တိုင်း…
ရယ်ဟန်ကလေး ရိုးတိုးရိပ်တိတ်ဆီ
တွေးနေမိရမယ့် နှစ်ကာလမျိုးတော့ မဟုတ်တော့ပါဘူး။
မည်သို့ လုပ်လိုက်သည်မသိ
လူလေးယောက် လဲကျသွား ဆိုတဲ့
တစ်ခေတ်က တင်ဆက်ပုံများလို
ဆန်းဆန်းကြယ်ကြယ်ပေါ့...
ယုံတတ်မှတော့ ယုံအပ်စရာပါ။
ဒီဘက်ရင်အုံဆီက
အခါခပ်သိမ်း မြည်ဟည်းနေသော အသံအကြောင်း
စကားစပ်ရရင်သာ
အလွမ်း နဲ့ ရွေ့တဲ့ စက္ကန့်တွေချည်းသက်သက်ပဲ
ပြောပြဖို့ ရှိတယ်…။ ။
(သိင်္ဂါရ)
21st August 2009
`လွင်ပြင်ရိုင်း´
`လွင်ပြင်ရိုင်း´
ဝှေ့တိုက်လာတဲ့
လေရဲ့
မျက်လုံးလို
နီနီရဲ
ဟုတ်တယ်
ဒါဟာ
တစ်ခုခု ကို ပြောလိုက်ပြီးမှ
ကိုက်ထုတ်ပစ်လိုက်ရမယ့်
လျှာတစ်ချောင်းရဲ့ အကြောင်း။ ။
(ရိုးဒီ)
ဝှေ့တိုက်လာတဲ့
လေရဲ့
မျက်လုံးလို
နီနီရဲ
ဟုတ်တယ်
ဒါဟာ
တစ်ခုခု ကို ပြောလိုက်ပြီးမှ
ကိုက်ထုတ်ပစ်လိုက်ရမယ့်
လျှာတစ်ချောင်းရဲ့ အကြောင်း။ ။
(ရိုးဒီ)
“ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ”
“ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ”
# ချစ်လှစွာသော ကျက်သရေ’ သညာလေးရေ…
ကနုတ်ကွန့်မြူးထားတဲ့ ပန်းပုကလေးတွေပ…
အစကတော့ မြေလွတ်မြေရိုင်းတွေချည်း…
ဘာ ပျိုးချချ ဖူးသစ်ချင်လိုက်ကြ…
အတောင်စိုက်ခံရတဲ့ မြင်း’ လို
ခြေထောက်တပ်ခံရတဲ့ မြွေလို
ကြသိုင်းဝါးအဆင် မလွှင့်လွှားတတ်
ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်
လေ၀င်လေထွက်ရမှာပဲ ခက်သလို…
သူက မနက်လို့ ခရီးဦးကြိုတာ
ကိုယ့်ကျ ကျေးဇူးပဲ နှစ်လုံး သုံးလုံး ကို
ပြန်မပြောတတ်သလို အ’ နေမိ…
ဘယ်တော့မှ ၀င့်ဦး ကြွားဦးမယ်…!
# ရွာရန် ရာနှုန်းကတော့ အပြည့်’ ချည်းပဲ…
သမုဒ္ဒရာက ငွေ့ရည်ဖွဲ့လာကြတာချင်းတူဦး…
အနောက်တောင်မုတ်သုံပဲ
မိုးပါတဲ့လေ’ လို့ သူသူငါငါ တွေးကြမှာပေါ့
ဘယ်နှနှစ်နေမှ တစ်ခေါက်လောက်ဖြစ်လေ့ရှိတာတွေတော့ ထားလိုက်…
တစ်မျိုးကြီးပဲ ဖြစ်ဖြစ်နေသတဲ့လား…
စိတ်ရှိစရာပေါ့…
လမ်းလို့ ပြောတာ အားလုံးကို
မင်းမှ မလျှောက်လှမ်းချင်ဘဲ…..။ ။
(သိင်္ဂါရ)
21st August 2009
# ချစ်လှစွာသော ကျက်သရေ’ သညာလေးရေ…
ကနုတ်ကွန့်မြူးထားတဲ့ ပန်းပုကလေးတွေပ…
အစကတော့ မြေလွတ်မြေရိုင်းတွေချည်း…
ဘာ ပျိုးချချ ဖူးသစ်ချင်လိုက်ကြ…
အတောင်စိုက်ခံရတဲ့ မြင်း’ လို
ခြေထောက်တပ်ခံရတဲ့ မြွေလို
ကြသိုင်းဝါးအဆင် မလွှင့်လွှားတတ်
ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်
လေ၀င်လေထွက်ရမှာပဲ ခက်သလို…
သူက မနက်လို့ ခရီးဦးကြိုတာ
ကိုယ့်ကျ ကျေးဇူးပဲ နှစ်လုံး သုံးလုံး ကို
ပြန်မပြောတတ်သလို အ’ နေမိ…
ဘယ်တော့မှ ၀င့်ဦး ကြွားဦးမယ်…!
# ရွာရန် ရာနှုန်းကတော့ အပြည့်’ ချည်းပဲ…
သမုဒ္ဒရာက ငွေ့ရည်ဖွဲ့လာကြတာချင်းတူဦး…
အနောက်တောင်မုတ်သုံပဲ
မိုးပါတဲ့လေ’ လို့ သူသူငါငါ တွေးကြမှာပေါ့
ဘယ်နှနှစ်နေမှ တစ်ခေါက်လောက်ဖြစ်လေ့ရှိတာတွေတော့ ထားလိုက်…
တစ်မျိုးကြီးပဲ ဖြစ်ဖြစ်နေသတဲ့လား…
စိတ်ရှိစရာပေါ့…
လမ်းလို့ ပြောတာ အားလုံးကို
မင်းမှ မလျှောက်လှမ်းချင်ဘဲ…..။ ။
(သိင်္ဂါရ)
21st August 2009
`မိုးခါးရေ´
`မိုးခါးရေ´
☺ ချစ်လှစွာသော ကျက်သရေ´သညာလေးရေ…
အာခိမိလိ ပျော်တဲ့ အပျော်မျိုး
နယူတန်တွေးတဲ့ အသိမျိုး
ဆိုကရေးတီး ပြောတဲ့ နည်းနာမျိုး
အဲဒီ့ကောင်တွေ လှောင်ခဲ့ကြသတဲ့…
တခါတခါ
အလုံးစုံ မိုက်မဲလိုက်မှု ဆိုတာ
လက်လှမ်းမမှီတဲ့ စာတင်စရာ ဖြစ်တတ်တာမျိုး…
နှစ်ခါတော့ အခွင့်မရှိကြပါဘူး။
နပိုလီယံလည်းပဲ ၀မ်းနည်းဖူးတယ်…
ဟစ်တလာလည်း ပြန်တွေးကြည့်စရာ ဖြစ်ခဲ့တယ်…
ဗိုလ်ချုပ်ကိုယ်တိုင်လည်း
ဘာဆိုလား စိတ်ပျက်ဖူးပါရဲ့…
တရံတဆစ်
အပိုပစ္စည်းအသစ်နဲ့ လဲပစ်လိုက်တော့မှ
သုံးဖြစ်သွားသော ကိရိယာတွေချည်းပဲဆို…
ကိုက်လမ်းထဲက သစ္စာတရား ဋီကာ သံဝေဂအရ
နေထိုင်ပေးရတော့မယ်ပေါ့…။
(သိင်္ဂါရ)
21st August 2009
☺ ချစ်လှစွာသော ကျက်သရေ´သညာလေးရေ…
အာခိမိလိ ပျော်တဲ့ အပျော်မျိုး
နယူတန်တွေးတဲ့ အသိမျိုး
ဆိုကရေးတီး ပြောတဲ့ နည်းနာမျိုး
အဲဒီ့ကောင်တွေ လှောင်ခဲ့ကြသတဲ့…
တခါတခါ
အလုံးစုံ မိုက်မဲလိုက်မှု ဆိုတာ
လက်လှမ်းမမှီတဲ့ စာတင်စရာ ဖြစ်တတ်တာမျိုး…
နှစ်ခါတော့ အခွင့်မရှိကြပါဘူး။
နပိုလီယံလည်းပဲ ၀မ်းနည်းဖူးတယ်…
ဟစ်တလာလည်း ပြန်တွေးကြည့်စရာ ဖြစ်ခဲ့တယ်…
ဗိုလ်ချုပ်ကိုယ်တိုင်လည်း
ဘာဆိုလား စိတ်ပျက်ဖူးပါရဲ့…
တရံတဆစ်
အပိုပစ္စည်းအသစ်နဲ့ လဲပစ်လိုက်တော့မှ
သုံးဖြစ်သွားသော ကိရိယာတွေချည်းပဲဆို…
ကိုက်လမ်းထဲက သစ္စာတရား ဋီကာ သံဝေဂအရ
နေထိုင်ပေးရတော့မယ်ပေါ့…။
(သိင်္ဂါရ)
21st August 2009
`မှားနေကြ အမှား´
`မှားနေကြ အမှား´
ရင်ခုန်သံ နဲ့ ပြုလုပ်ထားသော အနမ်းဆိုတာ
နာတာရှည်သော ကပ်ဆိုးတစ်ခု ဖြစ်ကြောင်း...
မသိမ်မွေ့သော လမ်းလျှောက်ဟန်ဆိုလည်း
ကြိုးတန်းဟာ အခါခပ်သိမ်း တုန်ခါတတ်ကြောင်း...
လူပြောသူပြောများတဲ့ ထောင့်ခန်းလေးမှာ
သာမန်လူတစ်ယောက် နေထိုင်ခဲ့ကြောင်း...
အစက ပြန်ပြန် စ´နေရသော
မီး ခဏ ခဏ ပျက်တတ်တဲ့
ဘ၀ကား ပြသော ဒီနေ့ အကြောင်း...
ဘယ်လို ဆွဲဆောင်မှု မျိုး မဆို
အမှန်တကယ် လှည့်ဖျားမှုများ အဖြစ်
သတ်မှတ်လေ့ ရှိကြကြောင်း...
မနေ့က အထိ
ပျိုးထားလက်စ ပန်း´ ကို
ထုံးစံအတိုင်း အညွှန့်ချိုးလိုက်ကြပါစို့ရဲ့...။ ။
(သိင်္ဂါရ)
22nd August 2009
ရင်ခုန်သံ နဲ့ ပြုလုပ်ထားသော အနမ်းဆိုတာ
နာတာရှည်သော ကပ်ဆိုးတစ်ခု ဖြစ်ကြောင်း...
မသိမ်မွေ့သော လမ်းလျှောက်ဟန်ဆိုလည်း
ကြိုးတန်းဟာ အခါခပ်သိမ်း တုန်ခါတတ်ကြောင်း...
လူပြောသူပြောများတဲ့ ထောင့်ခန်းလေးမှာ
သာမန်လူတစ်ယောက် နေထိုင်ခဲ့ကြောင်း...
အစက ပြန်ပြန် စ´နေရသော
မီး ခဏ ခဏ ပျက်တတ်တဲ့
ဘ၀ကား ပြသော ဒီနေ့ အကြောင်း...
ဘယ်လို ဆွဲဆောင်မှု မျိုး မဆို
အမှန်တကယ် လှည့်ဖျားမှုများ အဖြစ်
သတ်မှတ်လေ့ ရှိကြကြောင်း...
မနေ့က အထိ
ပျိုးထားလက်စ ပန်း´ ကို
ထုံးစံအတိုင်း အညွှန့်ချိုးလိုက်ကြပါစို့ရဲ့...။ ။
(သိင်္ဂါရ)
22nd August 2009
`ဘယ်ဘက်လက်မှာ ဓါးတစ်ချောင်းတော့ ပါစမြဲ´
`ဘယ်ဘက်လက်မှာ ဓါးတစ်ချောင်းတော့ ပါစမြဲ´
မျက်လုံး နှစ်လုံးကို ခြင်ထောင်အမိုးမှာ ချိတ်ထား
တခန္ဓာလုံး ဂျောင်းဂျောင်းပြေး ကြည့်လိုက်စမ်း
ကိုယ့်လိပ်ပြာ ကိုယ် ရိုသေတတ်သေးသတဲ့လား။
ဂရုဏာတရားပါသော အသံတို့ကို စားသုံးပြီး
အမှန်တွေ များအောင် လုပ်ကြည့်နေပါတယ်လို့
ဝိဥာဉ်ကို လိမ်ညာလိုက်
မျက်နှာဖုံးလေး တပ်ရုံနဲ့
တဘ၀လုံး လုံပြီ လည်းတွေး
သူတကာ အော်ပရာမှာ ဇာတ်ရံ ဖြစ်နေတာကျ
တရွာလုံး လှည့်ပတ်ကြွား
နောက်ဆုံးတော့ မင့် နံဘေးမှာ မင်းပဲပေါ့...
ရိုးသားမှု ဆိုတဲ့ အနှစ်သက်ဆုံး ဟင်းလျာ အပေါ်
အဆိပ်ခပ်ခံခဲ့ရပါတယ်ချည်း တွေးရင်
တကမ္ဘာလုံး ဆုတ်ကပ်
ပြောတော့ မင့်ကိုယ်မင်း ကောင်းမြတ်ချင်တယ်ဆို
ဘယ်သူမှ ၀င်မလာရဲတော့ပါဘူးလေ...
အခန်းလေး အမှောင်ချ
ကိုယ့် အတ္တ နဲ့ ကိုယ်သာ
စိတ်ချလက်ချ အိပ်ပေါ့
နေပူလည်း လျှောက်ခဲ့တယ် လို့
သူကတော့ အတိအလင်း ငြင်းဆန်ခဲ့...။ ။
(သိင်္ဂါရ)
3rd September 2009
မျက်လုံး နှစ်လုံးကို ခြင်ထောင်အမိုးမှာ ချိတ်ထား
တခန္ဓာလုံး ဂျောင်းဂျောင်းပြေး ကြည့်လိုက်စမ်း
ကိုယ့်လိပ်ပြာ ကိုယ် ရိုသေတတ်သေးသတဲ့လား။
ဂရုဏာတရားပါသော အသံတို့ကို စားသုံးပြီး
အမှန်တွေ များအောင် လုပ်ကြည့်နေပါတယ်လို့
ဝိဥာဉ်ကို လိမ်ညာလိုက်
မျက်နှာဖုံးလေး တပ်ရုံနဲ့
တဘ၀လုံး လုံပြီ လည်းတွေး
သူတကာ အော်ပရာမှာ ဇာတ်ရံ ဖြစ်နေတာကျ
တရွာလုံး လှည့်ပတ်ကြွား
နောက်ဆုံးတော့ မင့် နံဘေးမှာ မင်းပဲပေါ့...
ရိုးသားမှု ဆိုတဲ့ အနှစ်သက်ဆုံး ဟင်းလျာ အပေါ်
အဆိပ်ခပ်ခံခဲ့ရပါတယ်ချည်း တွေးရင်
တကမ္ဘာလုံး ဆုတ်ကပ်
ပြောတော့ မင့်ကိုယ်မင်း ကောင်းမြတ်ချင်တယ်ဆို
ဘယ်သူမှ ၀င်မလာရဲတော့ပါဘူးလေ...
အခန်းလေး အမှောင်ချ
ကိုယ့် အတ္တ နဲ့ ကိုယ်သာ
စိတ်ချလက်ချ အိပ်ပေါ့
နေပူလည်း လျှောက်ခဲ့တယ် လို့
သူကတော့ အတိအလင်း ငြင်းဆန်ခဲ့...။ ။
(သိင်္ဂါရ)
3rd September 2009
`ဖွင့်ဆိုချက်များ´
`ဖွင့်ဆိုချက်များ´
တယောထိုးသံ အကြောင်းကို
စတင် စဉ်းစားမိစဉ်တုန်းက
ငွေ့ရည်ပျံတိမ်တိုက် ရဲ့
ဖွဲ့စည်းပုံ တည်မြဲရေးပဲ ရှေးရှုလို့.....
အငြင်းအခုန်တို့ဟာ
သိမ်မွေ့စွာ လက်စသတ်ခဲ့ပါရဲ့။
ဥဒါန်းများ လှိုဏ်သံမှာ
ယုံကြည်မှု ဆိုတာလည်း ဇကာကျလို့.....
ဗုံလုံတလှည့် ဗုံလုံတလှည့် ပဲပေါ့...
ခံစားမှု´ ဆိုရင်
မနေ့က အထိ ငါတို့ ထိတွေ့နေကျအရာ ဖြစ်ပြီး
စိတ်တခြား ကိုယ်တခြား´ ဆိုရင်တော့
အခု ဖွင့်ထားသော သံစဉ် ဖြစ်မယ်။
ပြီးပြီးရော ပြောကြစတမ်းတွေလည်း ထားလိုက်ပါ။
စိတ်ပါ လက်ပါ မျိုချရမယ့် အောက်ဆီဂျင်မျိုးနဲ့ပဲ
ငါက မနက်ဖြန်ကို နိုးထလိုတယ်။
ဒါကပဲ...
မျဉ်းပြိုင်များ ဖြစ်ကြောင်း သက်သေပြချက်။
ဝါလုံးရှည် နဲ့ ပတ်ရမ်းသလို ဖြစ်ခဲ့တာတွေ အတွက်တော့
စိတ်မကောင်းပါဘူး။
အကြမ်းဖက်မှု ထဲက အနုပညာ ဆိုတာ
ယုံကြည်မှု တစ်ခုနဲ့ ပြုလုပ်သော အသက်ဓာတ် ဖြစ်ပြီး
သူလို ငါလို ဈာပနမျိုးဆိုတာကျ
ကျော်ဖတ်နေကြ နောက်ဆုံး စာမျက်နှာလို
ပြီးပြီးပျောက်ပျောက် အကြောင်းတရားပဲ ဖြစ်ကြောင်း...။ ။
(သိင်္ဂါရ)
22nd August 2009
တယောထိုးသံ အကြောင်းကို
စတင် စဉ်းစားမိစဉ်တုန်းက
ငွေ့ရည်ပျံတိမ်တိုက် ရဲ့
ဖွဲ့စည်းပုံ တည်မြဲရေးပဲ ရှေးရှုလို့.....
အငြင်းအခုန်တို့ဟာ
သိမ်မွေ့စွာ လက်စသတ်ခဲ့ပါရဲ့။
ဥဒါန်းများ လှိုဏ်သံမှာ
ယုံကြည်မှု ဆိုတာလည်း ဇကာကျလို့.....
ဗုံလုံတလှည့် ဗုံလုံတလှည့် ပဲပေါ့...
ခံစားမှု´ ဆိုရင်
မနေ့က အထိ ငါတို့ ထိတွေ့နေကျအရာ ဖြစ်ပြီး
စိတ်တခြား ကိုယ်တခြား´ ဆိုရင်တော့
အခု ဖွင့်ထားသော သံစဉ် ဖြစ်မယ်။
ပြီးပြီးရော ပြောကြစတမ်းတွေလည်း ထားလိုက်ပါ။
စိတ်ပါ လက်ပါ မျိုချရမယ့် အောက်ဆီဂျင်မျိုးနဲ့ပဲ
ငါက မနက်ဖြန်ကို နိုးထလိုတယ်။
ဒါကပဲ...
မျဉ်းပြိုင်များ ဖြစ်ကြောင်း သက်သေပြချက်။
ဝါလုံးရှည် နဲ့ ပတ်ရမ်းသလို ဖြစ်ခဲ့တာတွေ အတွက်တော့
စိတ်မကောင်းပါဘူး။
အကြမ်းဖက်မှု ထဲက အနုပညာ ဆိုတာ
ယုံကြည်မှု တစ်ခုနဲ့ ပြုလုပ်သော အသက်ဓာတ် ဖြစ်ပြီး
သူလို ငါလို ဈာပနမျိုးဆိုတာကျ
ကျော်ဖတ်နေကြ နောက်ဆုံး စာမျက်နှာလို
ပြီးပြီးပျောက်ပျောက် အကြောင်းတရားပဲ ဖြစ်ကြောင်း...။ ။
(သိင်္ဂါရ)
22nd August 2009
`ဖြန့်ဖြန့်လေး ဖြူးထားတဲ့ လမ်း´
`ဖြန့်ဖြန့်လေး ဖြူးထားတဲ့ လမ်း´
တတိယမျက်လုံးနဲ့ ကြည့်မှ မြင်မယ့် အာရုံမျိုး…
အက္ခရာတွေသက်သက်ပဲ
ဖော်ကျူးထားသော စိတ်ကူးမို့
ယုံနိုင်စရာလို့တော့ မထင်ရပါဘူး။
သောတကို အမြင့်ဆုံး ဖြန့်ထားပြီး
အတွေးချည်း ပုံဖော်ရမယ့် နည်းပညာ
ရိုးသားခြင်းက အခမ်းနားဆုံး ချပ်ဝတ်တန်ဆာ ဖြစ်ရ
ခံစားမှု အကြောင်း ပြောကြတဲ့အခါ
ဘယ်တုန်းကများ…..
အလိုအလျောက် နားလည်သွားမှု ထက်
တွေ့ဆုံဆွေးနွေးမှုတွေက အခရာ´ကျခဲ့ပါသတဲ့လဲ…
စကားလုံးတွေတောင် သိပ်ကြီး လိုအပ်လှတာတော့
မဟုတ်ဘူး။
တကယ့်တကယ်
တစ်ယောက်ရှိတဲ့ အတိုင်း
တစ်ယောက်က သိဖို့ဆိုတာက
အလုံးစုံ နွေးဖျပုံအပ်ခြင်း သက်သက်ပဲ ဖြစ်နေတတ်တာမျိုး…။ ။
(သိင်္ဂါရ)
21st August 2009
တတိယမျက်လုံးနဲ့ ကြည့်မှ မြင်မယ့် အာရုံမျိုး…
အက္ခရာတွေသက်သက်ပဲ
ဖော်ကျူးထားသော စိတ်ကူးမို့
ယုံနိုင်စရာလို့တော့ မထင်ရပါဘူး။
သောတကို အမြင့်ဆုံး ဖြန့်ထားပြီး
အတွေးချည်း ပုံဖော်ရမယ့် နည်းပညာ
ရိုးသားခြင်းက အခမ်းနားဆုံး ချပ်ဝတ်တန်ဆာ ဖြစ်ရ
ခံစားမှု အကြောင်း ပြောကြတဲ့အခါ
ဘယ်တုန်းကများ…..
အလိုအလျောက် နားလည်သွားမှု ထက်
တွေ့ဆုံဆွေးနွေးမှုတွေက အခရာ´ကျခဲ့ပါသတဲ့လဲ…
စကားလုံးတွေတောင် သိပ်ကြီး လိုအပ်လှတာတော့
မဟုတ်ဘူး။
တကယ့်တကယ်
တစ်ယောက်ရှိတဲ့ အတိုင်း
တစ်ယောက်က သိဖို့ဆိုတာက
အလုံးစုံ နွေးဖျပုံအပ်ခြင်း သက်သက်ပဲ ဖြစ်နေတတ်တာမျိုး…။ ။
(သိင်္ဂါရ)
21st August 2009
“ ဒီဘက်က သွားရင် ရောက်မယ်လို့ချည်း မတွေးနဲ့ ”
“ ဒီဘက်က သွားရင် ရောက်မယ်လို့ချည်း မတွေးနဲ့ ”
^ အယုတ်အမြတ် စုတ်လာဘ်တွေ ၀င်မယ့်ကိန်း ရှိသတဲ့…
ဟဲ့…မင့် စန်းလဂ်က တယ်နိမ့်နေပ…ပဲ
ဣတ္ထိယတို့ အာရုံငါးပါးကို
ဘယ်သီအိုရီ နဲ့ တွက်ထားသေးလို့လဲကွဲ့
အရောင်းသမားတွေ ဇွတ်ခေါ်ရင်
လှည့်ထွက်သွားသော ၀ယ်သူလို အိုက်တင်မျိုးနဲ့ လည်း
စိတ်မ၀င်စားဘူး´ ပြောမနေပါနဲ့
မင်းလည်း ပုထုဇဉ် ဆိုတာ
မင့် ကိုယ်စောင့်နတ်တော့ သိပြီးသား….
^ ဘယ်လို ဖြစ်မြောက်မှုနှုန်းအရ သွေးကြွပြဦးမယ်…..
ခဏခဏတော့ ကိုယ့်ကိုယ်ကို မနှိုးဆွမိစေနဲ့လေ…..
ထီးကြီးနန်းကြီး မမြင်ရရင်
လန်းဆန်းတက်ဖျရေးက နှစ်ခါ ကွေ့နေရတတ်
အဆုတ်အတက် မှန်တဲ့ သေနင်္ဂပဲ ခင်းကျင်းပါ…
ဒဏ်ရာမရတဲ့ နေ့တွေ အတွက်
ဝမ်းနည်းတတ်သူ သူရဲကောင်းဖို့ရာ…
မကျဆုံးမှီထက်
ကျဆုံးပြီးနောက်အချိန်က
ပိုပြီး အရေးပါချင် ပါနေတတ်တာမျိုး……။
(သိင်္ဂါရ)
21st August 2009
^ အယုတ်အမြတ် စုတ်လာဘ်တွေ ၀င်မယ့်ကိန်း ရှိသတဲ့…
ဟဲ့…မင့် စန်းလဂ်က တယ်နိမ့်နေပ…ပဲ
ဣတ္ထိယတို့ အာရုံငါးပါးကို
ဘယ်သီအိုရီ နဲ့ တွက်ထားသေးလို့လဲကွဲ့
အရောင်းသမားတွေ ဇွတ်ခေါ်ရင်
လှည့်ထွက်သွားသော ၀ယ်သူလို အိုက်တင်မျိုးနဲ့ လည်း
စိတ်မ၀င်စားဘူး´ ပြောမနေပါနဲ့
မင်းလည်း ပုထုဇဉ် ဆိုတာ
မင့် ကိုယ်စောင့်နတ်တော့ သိပြီးသား….
^ ဘယ်လို ဖြစ်မြောက်မှုနှုန်းအရ သွေးကြွပြဦးမယ်…..
ခဏခဏတော့ ကိုယ့်ကိုယ်ကို မနှိုးဆွမိစေနဲ့လေ…..
ထီးကြီးနန်းကြီး မမြင်ရရင်
လန်းဆန်းတက်ဖျရေးက နှစ်ခါ ကွေ့နေရတတ်
အဆုတ်အတက် မှန်တဲ့ သေနင်္ဂပဲ ခင်းကျင်းပါ…
ဒဏ်ရာမရတဲ့ နေ့တွေ အတွက်
ဝမ်းနည်းတတ်သူ သူရဲကောင်းဖို့ရာ…
မကျဆုံးမှီထက်
ကျဆုံးပြီးနောက်အချိန်က
ပိုပြီး အရေးပါချင် ပါနေတတ်တာမျိုး……။
(သိင်္ဂါရ)
21st August 2009
`ဒီဘက်က စရေ´ရင် အလွမ်းနဲ့ ပဲ ဆုံးတယ်´
`ဒီဘက်က စရေ´ရင် အလွမ်းနဲ့ ပဲ ဆုံးတယ်´
နီယွန်ရောင်လေး ပြထား
အဲဒီ့လို မှောင်တာ...
ဥဒဟို အသံတွေထဲ
တိတ်တိတ်လေး ငေးကြည့်
တိုးလျနေတာ တွေ့ရတယ်။
ဘယ်သူ့ ဘယ်သူမှ ညင်ညင်သာသာ မမြင်ရပါဘူး
ဖြတ်´ခနဲ လောက်
ကဗျာ နဲ့ ငါ လက်တွဲပြီး
စေ့စေ့ငုံငုံ မြင်လိုက်ရ
သူတကာကို နှီးနွယ်ဖို့ထက်
ငါ့ဝသီ နဲ့ ငါ ထွေးအီနေတာချည့်
တံခါး တစ်ဖက်တော့ စေ့ထား
တွန်းဝင်လာရင် ကြိုနိုင်ပါ့မလား ပဲ
မဟာဗျူဟာလို့ ငါ့အပေါ် မယုံကြည်တာထက်
ဒီဘက်က အခင်းအကျင်းက ခုထိ ခံတပ်´မဆန်သေး
သူလိုငါလို ပါပဲလေ
ကိုယ့်ကိုယ် ကို ကာကွယ်ဖို့
အလွမ်းသက်သက် စစ်ဆင်ထားတယ်။ ။
(သိင်္ဂါရ)
3rd September 2009
နီယွန်ရောင်လေး ပြထား
အဲဒီ့လို မှောင်တာ...
ဥဒဟို အသံတွေထဲ
တိတ်တိတ်လေး ငေးကြည့်
တိုးလျနေတာ တွေ့ရတယ်။
ဘယ်သူ့ ဘယ်သူမှ ညင်ညင်သာသာ မမြင်ရပါဘူး
ဖြတ်´ခနဲ လောက်
ကဗျာ နဲ့ ငါ လက်တွဲပြီး
စေ့စေ့ငုံငုံ မြင်လိုက်ရ
သူတကာကို နှီးနွယ်ဖို့ထက်
ငါ့ဝသီ နဲ့ ငါ ထွေးအီနေတာချည့်
တံခါး တစ်ဖက်တော့ စေ့ထား
တွန်းဝင်လာရင် ကြိုနိုင်ပါ့မလား ပဲ
မဟာဗျူဟာလို့ ငါ့အပေါ် မယုံကြည်တာထက်
ဒီဘက်က အခင်းအကျင်းက ခုထိ ခံတပ်´မဆန်သေး
သူလိုငါလို ပါပဲလေ
ကိုယ့်ကိုယ် ကို ကာကွယ်ဖို့
အလွမ်းသက်သက် စစ်ဆင်ထားတယ်။ ။
(သိင်္ဂါရ)
3rd September 2009
Subscribe to:
Posts (Atom)