Pages

Tuesday, September 15, 2009

`နှလုံးအိမ် ကို ထိတော့မှ မြည်တဲ့ အသံ´

`နှလုံးအိမ် ကို ထိတော့မှ မြည်တဲ့ အသံ´

မျက်နှာချင်းဆိုင်က ၀င်လာတဲ့ ဓါးချက်ကို
လေစုန်အတိုင်း လွှဲချလိုက်
ဒီနေ့ဟာ နေသာသော နေ့တစ်ရက် ဖြစ်တယ်။
သုတေသနစစ်တမ်းများ အရ
ရနံ့အကြောင်း ဆိုတာ
ပန်းတိုင်းအတွက်
သင်ကြားဖို့ မလိုသော ဘာသာဗေဒ
ငြိမ်ဆိတ်နေသော ရေပြင်ကို သာ ခဲ´မပစ်ပါနဲ့
ကိုယ်ကြပ်အင်္ကျီမှာ လက်တစ်သစ်စာ
အဟ အကြားတောင် မရှိ လို့ ယုံထားရင်
အဝေးဆုံးက မီးတစ်ပွင့်မှာလည်း အလင်းရှိမြဲ
အာရုံသိက ဖြစ်မယ့် စည်းချက်အရ
အသွေးအသား သက်သက် ကခုန်လိုက်ရုံ
သိပ်ပြီး တွေးမထားပါနဲ့
ခဏအကြာ ဘာမဆိုဖြစ်သွားလေ့ရှိဆဲ...။ ။

(သိင်္ဂါရ)
13th September 2009

1 comment:

သိင်္ဂါကျော် said...

ကဗျာတွေ လာဖတ်ပါတယ်..
နေ့တိုင်း နေသာသော နေ့ရက်တွေ ဖြစ်ပါစေ.. :)