လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈ နှစ် ၀န်းကျင် အသက်ရှင်နေနိုင် ပါတယ်။ လင်းယုန် ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုးပါ။ ဒါပေမယ့် သက်တမ်း ၄၀ လောက်ရောက်လာတဲ့အခါ လင်းယုန်တွေဟာ ကောင်းကောင်း မပျံနိုင်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှုတ်သီးတွေဟာ ကွေးလာပြီး ရင်ဘတ်နား ထိအောင် စိုက်ကျလာမယ်။ လက်သည်းတွေဟာ အလွန်ရှည်လျားလာပြီး အစာ ရှာဖို့ ခက် လာမယ်။ အဲဒါ လင်းယုန်တိုင်း ပါပဲ.....။
အဲဒီ့မှာ ရွေးစရာ လမ်းနှစ်ခု ရှိတယ်...။
တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ဘဲ သေပွဲဝင်မယ့်နေ့ ကို ထိုင်စောင့်ဖို့...။
နောက်တစ်ခုကတော့ ကျန်နေတဲ့ ၃၈ နှစ် ကို ကောင်းစွာ ပျံသန်းရင်း အသက်
ဆက်ရှင်ဖို့...။
အဲ.....ဆက်ပြီး ရှင်သန်ဖို့ ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို မဖြစ်မနေ ဖြတ်သန်း ရပါမယ်။ အဲဒီ့ ဖြစ်စဉ်နာမည်က " Pain & Difficulties " " နာကျင်မှု နဲ့ အခက်အခဲ " တဲ့။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေကို ပျံသန်းသွားရမယ်၊ ကျောက်တောင် ထိပ်ပေါ် ရောက်ရင် နှုတ်သီးကို ကျောက်သားတွေနဲ့ ဖဲ့ရိုက်ချိုးပစ်ရမယ်၊ တစ်ခါ နှုတ်သီးနဲ့ လက်သည်းတွေကို ဆွဲခွာပြီး နှုတ်ပစ်ရမယ်၊ ဘယ်လောက်များ နာကျင်လိုက်လေမလဲ.....။
ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ.....။ ကိုယ်တိုင် လုပ်ရတာ၊ အသက်ရှင်ချင်သူ ကိုယ်တိုင် လုပ်မှ ရတာမျိုးပေါ့...။
ပြီးရင်တော့ ရက်နည်းနည်း ကြာအောင် တောင်ထိပ်မှာနေပြီး လက်သည်းတွေ၊
နှုတ်သီးတွေ အသစ်ပြန်ထွက်ပြီး အသားကျလာတဲ့အထိ စောင့်ရမယ်။ အဲဒီ့နောက်...ကျန်ရှိတဲ့
သက်တမ်း ၃၈ နှစ် ကို ဆက်လက် ရှင်သန်ခွင့် ရသွားပါပြီ.....။
ဒုတိယ နည်းလမ်းကို ရွေးချယ်တဲ့ လင်းယုန်တွေ အများကြီးရှိပါတယ်။
ကျွန်တော်တို့က လူသားတွေပါ...၊ လင်းယုန်ဆိုတဲ့ ငှက်တွေတောင် အသက်
ဆက်ရှင်ဖို့ အတွက် “နာကျင်မှု နဲ့ အခက်အခဲ” ဖြစ်စဉ်ကိုကျော်လွန်ရမှာမျိုး ရွေးချယ်ရဲသေးရင် ကျွန်တော်တို့လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်သွားဖို့၊ ဆက်လက် ရှင်သန်နေထိုင်ဖို့ “နာကျင်မှု နဲ့ အခက်အခဲ ” ဆိုတာတွေ ကြုံလာရင် မဖြစ်မနေ ရင်ဆိုင်ရဲ ရမှာပေါ့ဗျာ.....။
တစ်ခါတစ်ရံ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့ ကျွန်တော် တို့တတွေ အရမ်းနာကျင်ကြရမယ်၊ အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။
အဲဒီ့အခါ “နာကျင်မှုနဲ့အခက်အခဲ”ဆိုတာတွေကိုကျွန်တော်တို့အတူကျော်ဖြတ်ကြရအောင်ပါ..။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့အားလုံး ကျန်နေသေးတဲ့ သက်တမ်းတွေကို
အဓိပ္ပာယ်ရှိရှိ ရှင်သန်သွားကြမှာမို့၊ ကျွန်တော်တို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့် သူတွေ မဟုတ်ကြလို့ပါပဲ.....။
No comments:
Post a Comment