Pages

Monday, September 7, 2009

`ကျန်ရစ်သူ မိသားစု´

`ကျန်ရစ်သူ မိသားစု´

- အခုတော့…..
အိမ်ကလေး ရဲ့ မိုးလေ၀သမှာ
စာကြည့်စားပွဲလေးလည်း မီးခိုးတိတ်
မီးဖိုချောင် မီးသီးလေးလည်း ကျွမ်း
အိမ်ရှေ့ ၀င်းတံခါးလေးလည်း
သံဆူးကြိုး မဲ့ ခဲ့ ပြီ…
ညှိုးရော်နေတဲ့ ခြံဝင်းထဲ
တခြမ်းပဲ့ မေတ္တာလမ်း
နွေ ၀င်္ကပါ
တရားသံ အဆုံးမှာ
မျက်ရည်နဲ့ ရေစက်ချခဲ့သူ
အိမ်ရှင်မရဲ့အလွမ်းတွေ
အမှောင်ထဲ ငေးငေးရီရီ။ ။

(ရိုးဒီ)
< ကာတွန်းမျိုးလေး သို့ >

No comments: