Pages

Monday, September 7, 2009

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”

ခုနစ်ထပ်လောက် ဆင့်ထားတဲ့ ဆံပင်နဲ့
ရောင်ပြေးလေး လျှမ်းပြတော့
သာသာယာယာတွေးမိ
ဖန်စီမကျတာအထိ အခုမှ စတယ်....
အားလုံး..... တွေ ချည်းပါပဲကွယ်
မီးတစ်ချက် တောက်' ကစားပြရင်
ရင်သပ်ရှုမောသွားတတ်မြဲ...။

ဆန် နဲ့ စပြီး ဆန် နဲ့ ဆုံးတယ်
နှစ်လေးငါးဆယ် တွေးကြည့်တဲ့အခါကျ
လှော်တက်ကို တစ်ချက်မကူနိုင်တောင်
လှေဝမ်းထဲက ရေ' ခပ်ထုတ်ရုံတတ်မှ
ငါတို့လည်း ဘာမှ မကူနိုင်ဘူး
မင်းက
ဒါလေးတစ်ခုတော့
သူလိုငါလိုသာ တွေးလိုက်ပါ။ ။

( သိင်္ဂါရ )
21st August 2009

No comments: