' Chatting '
- ပြီးပြီးရောပဲ ပြောနေကြတော့မလား...။
ငါတို့ ဂဃနဏ သိဖို့ လိုအပ်လာ...
စိတ်ကို မသတ်နဲ့
အနာဂါတ်ကို အဆိပ်မခတ်နဲ့
ရိုးသားမှုအလျဉ် အတိုင်း လှော်ခတ်ကြဖို့
Nice to meet you လို့တော့ စ´ပြောခဲ့ကြတာချည်း
ဘယ်သူ့ ဘယ်သူမှ အပန်းဖြေစရာ လို့သာ မထင်ကြေး
ကိုယ်ကျင့်တရား နဲ့ သီလ အကြောင်း
အထင်ကရ ဂုဏ်တင်သော နိုင်ငံမှာ
သူတို့ သိက္ခာမဲ့သလို မင်းလည်း.....။
- လွတ်မြောက်ကြရအောင်ပါ...
အနီးစပ်ဆုံး တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ်ပေါ့
ဘယ်လောက် ကျေးဇူးပြုခဲ့ဖူးသတဲ့လဲ...။
တွေးလိုက်...
မှိုင်းတိုက်နေတဲ့ လောင်းရိပ်ကတော့ ရှိနေမှာ
ကိုယ့် ၀င်လေထွက်လေနဲ့ ကိုယ် ရှင်းမြဖို့ပဲ စဉ်းစား
တစ်ခေတ် တစ်ယောက်အထိတော့ မလိုအပ်ပါဘူးကွယ်
အိပ်ရာဝင်...
တနေ့တာအပေါ် ကျေနပ်ဖို့မျှ.....။ ။
(သိင်္ဂါရ)
29th August 2009
No comments:
Post a Comment