Pages

Thursday, September 10, 2009

“ ဒီဘက်က သွားရင် ရောက်မယ်လို့ချည်း မတွေးနဲ့ ”

“ ဒီဘက်က သွားရင် ရောက်မယ်လို့ချည်း မတွေးနဲ့ ”

^ အယုတ်အမြတ် စုတ်လာဘ်တွေ ၀င်မယ့်ကိန်း ရှိသတဲ့…
ဟဲ့…မင့် စန်းလဂ်က တယ်နိမ့်နေပ…ပဲ
ဣတ္ထိယတို့ အာရုံငါးပါးကို
ဘယ်သီအိုရီ နဲ့ တွက်ထားသေးလို့လဲကွဲ့
အရောင်းသမားတွေ ဇွတ်ခေါ်ရင်
လှည့်ထွက်သွားသော ၀ယ်သူလို အိုက်တင်မျိုးနဲ့ လည်း
စိတ်မ၀င်စားဘူး´ ပြောမနေပါနဲ့
မင်းလည်း ပုထုဇဉ် ဆိုတာ
မင့် ကိုယ်စောင့်နတ်တော့ သိပြီးသား….

^ ဘယ်လို ဖြစ်မြောက်မှုနှုန်းအရ သွေးကြွပြဦးမယ်…..
ခဏခဏတော့ ကိုယ့်ကိုယ်ကို မနှိုးဆွမိစေနဲ့လေ…..
ထီးကြီးနန်းကြီး မမြင်ရရင်
လန်းဆန်းတက်ဖျရေးက နှစ်ခါ ကွေ့နေရတတ်
အဆုတ်အတက် မှန်တဲ့ သေနင်္ဂပဲ ခင်းကျင်းပါ…
ဒဏ်ရာမရတဲ့ နေ့တွေ အတွက်
ဝမ်းနည်းတတ်သူ သူရဲကောင်းဖို့ရာ…
မကျဆုံးမှီထက်
ကျဆုံးပြီးနောက်အချိန်က
ပိုပြီး အရေးပါချင် ပါနေတတ်တာမျိုး……။

(သိင်္ဂါရ)
21st August 2009

No comments: