Pages

Thursday, September 10, 2009

“ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ”

“ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ”

# ချစ်လှစွာသော ကျက်သရေ’ သညာလေးရေ…
ကနုတ်ကွန့်မြူးထားတဲ့ ပန်းပုကလေးတွေပ…
အစကတော့ မြေလွတ်မြေရိုင်းတွေချည်း…
ဘာ ပျိုးချချ ဖူးသစ်ချင်လိုက်ကြ…
အတောင်စိုက်ခံရတဲ့ မြင်း’ လို
ခြေထောက်တပ်ခံရတဲ့ မြွေလို
ကြသိုင်းဝါးအဆင် မလွှင့်လွှားတတ်
ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်
လေ၀င်လေထွက်ရမှာပဲ ခက်သလို…
သူက မနက်လို့ ခရီးဦးကြိုတာ
ကိုယ့်ကျ ကျေးဇူးပဲ နှစ်လုံး သုံးလုံး ကို
ပြန်မပြောတတ်သလို အ’ နေမိ…
ဘယ်တော့မှ ၀င့်ဦး ကြွားဦးမယ်…!

# ရွာရန် ရာနှုန်းကတော့ အပြည့်’ ချည်းပဲ…
သမုဒ္ဒရာက ငွေ့ရည်ဖွဲ့လာကြတာချင်းတူဦး…
အနောက်တောင်မုတ်သုံပဲ
မိုးပါတဲ့လေ’ လို့ သူသူငါငါ တွေးကြမှာပေါ့
ဘယ်နှနှစ်နေမှ တစ်ခေါက်လောက်ဖြစ်လေ့ရှိတာတွေတော့ ထားလိုက်…
တစ်မျိုးကြီးပဲ ဖြစ်ဖြစ်နေသတဲ့လား…
စိတ်ရှိစရာပေါ့…
လမ်းလို့ ပြောတာ အားလုံးကို
မင်းမှ မလျှောက်လှမ်းချင်ဘဲ…..။ ။

(သိင်္ဂါရ)
21st August 2009

No comments: