Pages

Thursday, September 10, 2009

`မှားနေကြ အမှား´

`မှားနေကြ အမှား´

ရင်ခုန်သံ နဲ့ ပြုလုပ်ထားသော အနမ်းဆိုတာ
နာတာရှည်သော ကပ်ဆိုးတစ်ခု ဖြစ်ကြောင်း...
မသိမ်မွေ့သော လမ်းလျှောက်ဟန်ဆိုလည်း
ကြိုးတန်းဟာ အခါခပ်သိမ်း တုန်ခါတတ်ကြောင်း...
လူပြောသူပြောများတဲ့ ထောင့်ခန်းလေးမှာ
သာမန်လူတစ်ယောက် နေထိုင်ခဲ့ကြောင်း...
အစက ပြန်ပြန် စ´နေရသော
မီး ခဏ ခဏ ပျက်တတ်တဲ့
ဘ၀ကား ပြသော ဒီနေ့ အကြောင်း...
ဘယ်လို ဆွဲဆောင်မှု မျိုး မဆို
အမှန်တကယ် လှည့်ဖျားမှုများ အဖြစ်
သတ်မှတ်လေ့ ရှိကြကြောင်း...
မနေ့က အထိ
ပျိုးထားလက်စ ပန်း´ ကို
ထုံးစံအတိုင်း အညွှန့်ချိုးလိုက်ကြပါစို့ရဲ့...။ ။

(သိင်္ဂါရ)
22nd August 2009

No comments: