`ဘယ်ဘက်လက်မှာ ဓါးတစ်ချောင်းတော့ ပါစမြဲ´
မျက်လုံး နှစ်လုံးကို ခြင်ထောင်အမိုးမှာ ချိတ်ထား
တခန္ဓာလုံး ဂျောင်းဂျောင်းပြေး ကြည့်လိုက်စမ်း
ကိုယ့်လိပ်ပြာ ကိုယ် ရိုသေတတ်သေးသတဲ့လား။
ဂရုဏာတရားပါသော အသံတို့ကို စားသုံးပြီး
အမှန်တွေ များအောင် လုပ်ကြည့်နေပါတယ်လို့
ဝိဥာဉ်ကို လိမ်ညာလိုက်
မျက်နှာဖုံးလေး တပ်ရုံနဲ့
တဘ၀လုံး လုံပြီ လည်းတွေး
သူတကာ အော်ပရာမှာ ဇာတ်ရံ ဖြစ်နေတာကျ
တရွာလုံး လှည့်ပတ်ကြွား
နောက်ဆုံးတော့ မင့် နံဘေးမှာ မင်းပဲပေါ့...
ရိုးသားမှု ဆိုတဲ့ အနှစ်သက်ဆုံး ဟင်းလျာ အပေါ်
အဆိပ်ခပ်ခံခဲ့ရပါတယ်ချည်း တွေးရင်
တကမ္ဘာလုံး ဆုတ်ကပ်
ပြောတော့ မင့်ကိုယ်မင်း ကောင်းမြတ်ချင်တယ်ဆို
ဘယ်သူမှ ၀င်မလာရဲတော့ပါဘူးလေ...
အခန်းလေး အမှောင်ချ
ကိုယ့် အတ္တ နဲ့ ကိုယ်သာ
စိတ်ချလက်ချ အိပ်ပေါ့
နေပူလည်း လျှောက်ခဲ့တယ် လို့
သူကတော့ အတိအလင်း ငြင်းဆန်ခဲ့...။ ။
(သိင်္ဂါရ)
3rd September 2009
No comments:
Post a Comment