Pages

Thursday, September 10, 2009

`မိုးခါးရေ´

`မိုးခါးရေ´

☺ ချစ်လှစွာသော ကျက်သရေ´သညာလေးရေ…
အာခိမိလိ ပျော်တဲ့ အပျော်မျိုး
နယူတန်တွေးတဲ့ အသိမျိုး
ဆိုကရေးတီး ပြောတဲ့ နည်းနာမျိုး
အဲဒီ့ကောင်တွေ လှောင်ခဲ့ကြသတဲ့…
တခါတခါ
အလုံးစုံ မိုက်မဲလိုက်မှု ဆိုတာ
လက်လှမ်းမမှီတဲ့ စာတင်စရာ ဖြစ်တတ်တာမျိုး…
နှစ်ခါတော့ အခွင့်မရှိကြပါဘူး။
နပိုလီယံလည်းပဲ ၀မ်းနည်းဖူးတယ်…
ဟစ်တလာလည်း ပြန်တွေးကြည့်စရာ ဖြစ်ခဲ့တယ်…
ဗိုလ်ချုပ်ကိုယ်တိုင်လည်း
ဘာဆိုလား စိတ်ပျက်ဖူးပါရဲ့…
တရံတဆစ်
အပိုပစ္စည်းအသစ်နဲ့ လဲပစ်လိုက်တော့မှ
သုံးဖြစ်သွားသော ကိရိယာတွေချည်းပဲဆို…
ကိုက်လမ်းထဲက သစ္စာတရား ဋီကာ သံဝေဂအရ
နေထိုင်ပေးရတော့မယ်ပေါ့…။

(သိင်္ဂါရ)
21st August 2009

No comments: