Pages

Thursday, September 10, 2009

`ချစ်တင်းစကား´

`ချစ်တင်းစကား´

- ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
မြူသီနေသော စုံနံ့သာမြိုင်မှာ
ယုန်ထောင်ရင်း ကြောင်မိနေတတ်တာမျိုး
ကိုယ့်မာယာ နဲ့ ကိုယ် ကျဆုံးနေပြီး
ချိုင့်ဝှမ်း တချို့အကြောင်း...
လွှင့်လွှားနေသော တိမ်ခိုးတွေမှာ
ဇရာ ထောက်မလာခင်
ရောင်ပြေးလေးတွေ လွန့်လူးတတ်ပုံက
လင်းတစ်ခါ မှိတ်တစ်လှည့် ဆိုတဲ့ အကြောင်း...
ရေကန်တိုင်း ကြာပွင့်ဖို့ ထက်
ကြာပွင့်လေသော ရေကန်တိုင်း ရှင်းသန့်ဖို့များ
ဆယ်စုနှစ် တစ်ခုစာ မ´က
နောက်ကျထားပြီး ဖြစ်ကြောင်း...
အဆုံးစွန်.....
ဒီနေ့ သာသော နေ´ ဆိုတာ
အလင်းနှစ်တွေ နောက်မှ
ရောက်လာသော အရင်က အရောင် ဖြစ်ကြောင်း...
မင်းကို´ ပြောပြချင်ပါသေးတယ်။

(သိင်္ဂါရ)
24th July 2009

No comments: