Pages

Thursday, September 10, 2009

`တစ်ရောင်ချင်း ဖြာဆင်းလာသော အရုဏ်ခင်း´

`တစ်ရောင်ချင်း ဖြာဆင်းလာသော အရုဏ်ခင်း´

- သွေ့နွမ်းပြီးသော မိနစ်များကို ထားခဲ့စို့...
မနက်ဖြန်အတိုင်း မိုးသောက်ရဲပါရဲ့လား။
ပခုံးချင်းဝင်တိုက်ရာက
ကျန်နေတဲ့ နှစ်သုံးဆယ်စာလောက် အတွက်
လက်´ကမ်းထား...
ဖ၀ါးချပ်မျှ လှမ်းချင်မှတော့ လိုက်
အဲဒီ့လမ်းက နည်းနည်း´ကြမ်းချင်တယ်။

- ရင်အစုံကို ခိုကိုးပြီး ပွင့်မယ့်ပန်းအတွက်
မိုးကြားလေကြားတော့ ပျံ့သင်းစေရပါ့မယ်
ဒီနေ့မှာ ပထမဆုံး ပျိုးကြဲခဲ့တယ် ပဲ
တွေးထားဖို့
အသိမ့်နွေးဆုံး လူမှုဆက်ဆံရေး အကြောင်း
ဆွေးနွေးကြရအောင်
တံခါးရွက်က ဟ´ထားရုံလေး...
ယုံကြည်ရဲရဲ ဖွင့်လှမ်းရဲဖို့ လို
အဆိုး´ ဆိုတာတွေ ထားပါဦး
ကိုယ်စီ အိပ်မက်အရ
ဘယ်လောက် ခမ်းနားချင်ကြတာက
အခု အထင်ကရ ဖြစ်လာနေ...။ ။

(သိင်္ဂါရ)
31st August 2009

No comments: